Chapter - 2 [ပတ်ဝန်းကျင်အသစ်]

888 86 0
                                    

Chapter - 2 [ပတ်ဝန်းကျင်အသစ်]

#unicode

ချူရုံက ချူကျင်းဇီအပေါ်အများကြီးအကြွေးတင်နေတယ်လို့ ခံစားခဲ့ရသည်။ "ကျင်းဇီ သမီးဒီဟာနဲ့အရင်ခဏနေလိုက်ပါ...အဖေ သမီးအတွက် ကုတင်အသစ်တစ်တစ်လုံး တတ်နိုင်သမျှမြန်မြန်လုပ်ပေးမယ်"

အမျိုးသမီးလီကလည်း သူမသမီးအပေါ်အကြွေးတင်နေတယ်လို့ ခံစားရသဖြင့် "ကျင်းဇီ သမီးအဖေက သမီးကိုကြိုဖို့ စိတ်စောနေတာနဲ့ သူ မပြင်ဆင်ရသေးတာတွေအများကြီးရှိနေသေးတယ်။ ဒါလေးနဲ့အရင်နေလိုက်ပါနော် သမီးနှစ်ရက်၊ သုံးရက်လောက်ဆိုအဆင်ပြေသွားမှာပါ"

ချူကျင်းဇီက စိတ်ထဲမထားပဲ "အဖေ..အမေ ဒါကအဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့"

ချူအာ့က ဂရုတစိုက်တွေးပြီးပြောလိုက်သည် "အမေ...ပဥ္စမညီမလေးကအိပ်ချင်နေပြီထင်တယ်..အရင်ဆုံးအပြင်ထွက်ကြရအောင်"

"သွားမယ် သွားရအောင်"အမျိုးသမီးလီက အကုန်လုံးကိုအခန်းထဲကနှင်ထုတ်လိုက်တယ်။ထို့နောက်သူမဟာ နောက်ကိုပြန်လှည့်ပြီး "ကျင်းဇီ ကောင်းကောင်းအိပ်နော် အမေတို့သမီးပြည့်ပြည့်ဝဝအနားယူပြီးမှ စကားဆက်ပြောကြမယ်"

ချူကျင်းဇီကခေါင်းညိမ့်လိုက်သည်။ အကုန်လုံးထွက်သွားသောအခါ သူမကကုတင်အစွန်းတွင်ထိုင်လိုက်သည်။

သူမ အရင်ဆုံး စိတ်အေးအေးထားရမယ်။

အိပ်ရာက အရမ်းမာတာပဲ၊ ဒီပေါ်မှာခဏပဲထိုင်ရသေးတယ် သူမရဲ့တင်ပါးတွေနာကျင်နေပြီ။

သူမဟာ ထရပ်လိုက်ပြီး အိပ်ရာကိုနူးညံ့စေဖို့ အစီအရင်တစ်ခုသုံးလိုက်သည်။ နောက်သူမဟာ ပြန်ထိုင်လိုက်ပြီး ထိုအခါမှ သက်သောင့်သက်သာရှိသွားတော့သည်။

ချူကျင်းဇီက ခေတ်သစ်ကမ္ဘာရဲ့ ကျင့်ကြံရေးအဖွဲ့အစည်းက ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူမဟာ မသေမျိုးတစ်ယောက်ဖြစ်လာရန်အတွက် အရည်အချင်းပြည့်မှီပြီးသားသူတစ်ယောက်ဖြစ်သည်။ သူမက ချစ်ခြင်းမေတ္တာရဲ့ဒုက္ခသုခတွေကို အတွေ့အကြုံယူပြီးတာနဲ့ တရားဝင်မသေမျိုးတစ်ယောက်ဖြစ်လာမှာဖြစ်သည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Donde viven las historias. Descúbrelo ahora