Chapter - 50 [ မင်းအနာဂတ်မှာဘာလုပ်ချင်လဲ ]

343 42 0
                                    

Chapter - 50 [ မင်းအနာဂတ်မှာဘာလုပ်ချင်လဲ ]

#unicode

လက်ထောက်ဗိုလ်မှူးမှားသည် အံ့ဩစွာမေးလိုက်သည်။ "စစ်သူကြီး ဒီဟာက..."

ထန်ကျင်းဟုန်သည် သူတို့အားကြည့်လိုက်ပြီး တည်ငြိမ်နေသောလေသံဖြင့် "သူဌေးက ငါစားဖို့ပေးလိုက်တာ မင်းတို့အတွက်ရောပါတယ်"

"စစ်သူကြီး မင်းကသူဌေးနဲ့သိတာလား"

ထန်ကျင်းဟုန်က သူ့အသံကိုမြှင့်လိုက်သည်။ "ဘာဖြစ်လို့လဲ"

လက်ထောက်ဗိုလ်မှူးက တုံ့ဆိုင်းနေပြီး အကြံပြုလိုက်သည်။ "စစ်သူကြီး စစ်တပ်ထဲမှာဒီလောက်လူတွေအများကြီးရှိတာ ဘာလို့ရေခဲချောင်းနည်းနည်းလောက်ထပ်မမှာလိုက်ရမှာလဲ"

"ငါလည်းအဲဒီလိုတွေးထားတယ်" ထန်ကျင်းဟုန်က ထိုင်ခုံမှာဝင်ထိုင်လိုက်ပြီး "အရေအတွက်ဘယ်လောက်ဆိုရင် အဆင်ပြေမယ်လို့ထင်လဲ"

ဒုတိယဗိုလ်ချုပ်က ခဏလောက်စဉ်းစားပြီး "စစ်သူကြီး အခုရေ၁၀,၀၀၀လောက်မှာလိုက်ကြရအောင် တပ်ရင်း (၁) ကနေ (၅) ထိတပ်ရင်းတွေက နေ့တိုင်း အလှည့်ကျ စားနိုင်လိမ့်မယ် နွေရာသီကုန်ရင် ငါတို့ မလိုအပ်တော့ဘူး"

ထန်းကျင်းဟုန်က တိတ်ဆိတ်နေကြသည့် အခြားသူများကိုကြည့်လိုက်ပြီး "ကန့်ကွက်မှုမရှိဘူးဆိုမှတော့ ဒီလိုပဲဆုံးဖြတ်လိုက်ပြီ"သူကသေတ္တာလေးကိုညွှန်ပြလိုက်ပြီး "လူတိုင်းနှစ်ခုစီယူလို့ရတယ်"

သူတို့သည် ထန်ကျင်းဟုန်က ကပ်စေးနဲသည်ဟုခံစားလိုက်ရသည်။ "စစ်သူကြီး ဒီလောက်အများကြီးရှိတာကို မင်းကငါတို့ကိုနှစ်ခုစီပဲပေးတာလား"

ထန်ကျင်းဟုန်၏ တည်ငြိမ်သောအသံထွက်ပေါ်လာသည်။ "နှစ်ခုက မင်းတို့အတွက်အရမ်းများနေလား"

"မဟုတ်ပါဘူး အဲဒီလိုပြောချင်တာမဟုတ်ပါဘူး" လက်ထောက်ဗိုလ်မှူးသည် အရမ်းထိတ်လန့်သွားတာကြောင့် အလျင်အမြန်ဝေစုယူလိုက်သည်။ မဟုတ်ပါက တစ်ခုတောင်ရနိုင်မည်မဟုတ်တော့ပေ။ "နှစ်ခုကလုံလောက်ပါတယ် ကျေးဇူးတင်ပါတယ် စစ်သူကြီး"

ရေခဲချောင်းများယူပြီးနောက် သူတို့သည်ကိုယ်ပိုင်တဲများသို့ ပြန်သွားခဲ့ကြသည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Donde viven las historias. Descúbrelo ahora