Chapter - 52 [ အောင်မြင်စွာ စာရင်းပေးသွင်းခြင်း ]

289 38 0
                                    

Chapter - 52 [ အောင်မြင်စွာ စာရင်းပေးသွင်းခြင်း ]

#unicode

"ကျင်းဇီ ဝင်ကြရအောင်" ရှန်းယူယွီက ပြောလိုက်သည်။

ချူကျင်းဇီခေါင်းညိမ့်လိုက်ပြီး လေးယောက်သား ကျောင်းထဲသို့ဝင်ရောက်လာခဲ့ကြတယ်။ 

သူတို့ကျောင်းထဲကိုခြေလှမ်းချလိုက်တာနဲ့ ဂိတ်စောင့်ရဲ့တားမြစ်ခြင်းကို ခံလိုက်ရ၏။

"မင်းတို့တွေ ကျောင်းကကျောင်းသားတွေလား"

ချူကျင်းဇီ ဂိတ်စောင့်ကိုလေ့လာလိုက်သည်။ သူက အသက်နှစ်ဆယ်အရွယ်လူငယ်တစ်ယောက်ဖြစ်ပြီး အရပ်ရှည်ကာ ဖြောင့်မတ်သည့် ရောင်ဝါများရှိလေသည်။ "မဟုတ်ပါဘူး ကျွန်မရဲ့မောင်လေးနှစ်ယောက်ကို ကျောင်းအပ်ပေးဖို့လာခဲ့တာပါ"

"ကျောင်းအပ်ချိန်က ကုန်ဆုံးသွားပါပြီ နှစ်ဝက်ကြာမှပြန်လာခဲ့ပါ"

နှစ်တစ်ဝက်ကြာမှလား...ချူကျင်းဇီက သဘာဝကျကျပင် သဘောမတူခဲ့ပါချေ "ကျောင်းအပ်ချိန်ပြီးသွားတာ ဘယ်လောက်ကြာပြီလဲ"

"သုံးရက်ရှိသွားပါပြီ ကျောင်းသားတွေက သူတို့ရဲ့သင်ခန်းစာတွေတောင်စနေကြပြီ"

ချူကျင်းဇီက သူ့မောင်လေးများကို စိတ်ဓာတ်ကျစွာ ကြည့်လိုက်ပြီးနောက် ဂိတ်စောင့်အားမေးလိုက်သည်။  "ရှင်တို့ ချွင်းချက်လုပ်ပေးလို့မရဘူးလား"

"တောင်းပန်ပါတယ် ဘယ်သူပဲဖြစ်ဖြစ် ဒီစည်းမျဉ်းအတိုင်းပါပဲ ကျွန်တော်ချွင်းချက်လုပ်ပေးလို့မရပါဘူး ဒါပေမယ့် မင်းမှာအခွင့်အရေးတစ်ခုရှိတယ်"

"ဘယ်လိုအခွင့်အရေးများလဲ"

ဂိတ်စောင့်က တံခါးရှေ့ရှိ သစ်သားကြော်ညာဘုတ်ကို ညွှန်ပြလိုက်သည်။ ထိုပေါ်မှာ စာရွက်တစ်ရွက်ကိုတင်ကာ ကြေညာထားလေသည်။

"အဖြူရောင်စာရွက်ပေါ်မှာ ကျောင်းကဘယ်သူမှမဖြေနိုင်တဲ့ မေးခွန်တစ်ခုရှိတယ် အဲဒီမေးခွန်းကိုဖြေရှင်းနိုင်ခဲ့ရင် မင်းတို့ကို ကျောင်းအုပ်ကြီးနဲ့တွေ့ဖို့ ခွင့်ပြုပေးလို့ရတယ် အဲဒီအခါကျရင်တော့ ဆုံးဖြတ်ချက်က ကျောင်းအုပ်အပေါ်မူတည်သွားပြီ"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now