Chapter- 27 [ သူမအား နာမည်ပေးလိုက်ခြင်း]

611 72 0
                                    

Chapter- 27 [ သူမအား နာမည်ပေးလိုက်ခြင်း]

#unicode

ချူအာ့က ဘောတူပြီး ခေါင်းညိမ့်ပြလိုက်သည် "ပဥ္စမညီမလေး ကျောင်းရှုဟွာက ဘယ်တုန်းကမှ မကောင်းခဲ့ဘူး...အစ်မတို့ဘာပဲလုပ်လုပ် သူ့ကိုနောက်ထပ်ဒုက္ခထပ်မရှာဖို့ သင်ခန်းစာပေးပေးရမယ်"

"ကျွန်မဖြစ်ချင်တာ အတိအကျပဲ"

သူတို့နှစ်ယောက်က တီးတိုးပြောနေတဲ့အချိန်မှာပဲ ကျောင်းချင်ကျုံးက သူမတို့ဆီအမြန်ပြေးလာကာ အနူးအညွတ်တောင်းပန်တော့သည်၊ "ချူကျင်းဇီ ရွာသူကြီးကိုကူပြောပေးပါဦး...အနာဂတ်မှာ ငါတို့မိသားစုကမင်းကိုလုံးဝမဆန့်ကျင်တော့ပါဘူး...ငါ့ရဲ့အမေကလည်းပြောင်းလဲပေးတော့မှာပါ"

သူသည် ချူကျင်းဇီအားအလွန်ကြောက်ပါသည်။ သူ့အမေက သူမကိုရွာထဲကမောင်းထုတ်ချင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူ့အမေကသာမောင်းထုတ်ခံရမယ့်သူဖြစ်သွားတယ်။ ချူကျင်းဇီက သူတို့စော်ကားနိုင်တဲ့သူတစ်ယောက်မဟုတ်ခဲ့ပါဘူး.....

ချူကျင်းဇီက စဉ်းစားနေဟန်ဆောင်လိုက်သည်။

ထိုသည်ကိုတွေ့သောအခါ ကျောင်းချင်ကျုံးကဆက်ပြောလိုက်သည် "ချူကျင်းဇီ ငါတို့မိသားစုကိုနောက်ထပ်အခွင့်အရေးတစ်ခုပေးပါ...ဒီနေ့လိုကိစ္စမျိုးနောက်ထပ်ထပ်မဖြစ်စေရတော့ဘူးလို့ ကတိပေးပါတယ်"

"တစ်ကယ်လို့ထပ်ဖြစ်ခဲ့ရင်ကော..."

"တစ်ကယ်လို့ထပ်ဖြစ်ခဲ့ရင် မင်းနှင်ထုတ်စရာမလိုဘူး ငါတို့ကိုယ်တိုင်ထွက်သွားပေးပါ့မယ်"

ချူကျင်းဇီသည် ခဏလောက်တုံ့ဆိုင်းနေပြီးမှ ခက်ထန်စွာပြောလိုက်သည် "မှတ်ထား ရှင်တို့မှာအခွင့်အရေးတစ်ခုပဲရှိတယ်...ကျွန်မကိုထပ်စော်ကားမိခဲ့ရင် နောက်ထပ်ညှိုနှိုင်းဖို့မလိုတော့ဘူး"

သူမဟာ ရွာထဲမှာနေရဦးမှာဖြစ်တာကြောင့် သဘောထားကြီးသူအဖြစ် နာမည်ကောင်းရထားခြင်းသည် သူမအတွက် များစွာအကျိုးရှိစေမည်ဖြစ်သည်။

"ကောင်းပြီ ငါနားလည်ပါတယ်" ကျောင်းချင်ကျုံးက စိတ်သက်သာရာရသွားပြီး သူ၏အမေအားကူညီပေးကာထွက်သွားခဲ့ကြသည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Donde viven las historias. Descúbrelo ahora