Chapter - 49.2 [ မင်းရဲ့အိမ်မက်ကဘာလဲ ၂ ]

1.1K 100 0
                                    

Chapter - 49.2 [ မင်းရဲ့အိမ်မက်ကဘာလဲ ၂ ]

#unicode

လီးချင်းယူက စိတ်လှုပ်ရှားစွာပြန်ဖြေလိုက်သည် "အမေ သိပြီ"

အဓိကအခန်းတွင် တပ်သားများသည် သစ်တော်သီးရေခဲချောင်းများကို နတ်သုဒ္ဓါသဖွယ် စားသောက်နေကြသည်။

"ဘောစ့် ရေခဲချောင်းကအရမ်းအရသာရှိတာပဲ"

ဗိုလ်မှူးလေးသည် ပို၍ သပ်ရပ်စွာ စားသောက်နေသည်။ ဆာလောင်နေသော ဝံပုလွေများကဲ့သို့ စားသောက်နေကြသော လက်အောက်ငယ်သားများကြောင့် မကြည့်နိုင်တော့ပေ။ "ဖြည်းဖြည်းစားကြစမ်းပါ မင်းတို့ဆီကဘယ်သူမှလုယူမနေဘူး"

"ကျွန်တော် ကိုယ့်ကိုကိုယ်ထိန်းချုပ်လို့မရဘူး တစ်ခုလုံးကိုပါးစပ်ထဲထည့်လိုက်ပြီး ဝါးစားလို့ရရင်ကောင်းမယ်"

အခြား တပ်သားတစ်ယောက်ကလည်း ထောက်ခံလိုက်သည်။ "ကျွန်တော်နေလာတဲ့ နှစ်နှစ်ဆယ်လုံး နွေရာသီမှာဒီလောက်စားကောင်းတာမျိုး မစားဖူးဘူး"

စစ်သားတွေက တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့လည်း ထိုအတိုင်းပါပဲ။

ဗိုလ်မှူးလေးခင်ဗျာ ဆွံ့အသွားခဲ့လေသည်။

တပ်သားတစ်ယောက်သည် သူ့ရေခဲချောင်းကို အမြန်ပဲစားကုန်သွားပြီး နှုတ်ခမ်းများကိုသပ်လိုက်သည်။ သူ့ကြည့်ရသည်မှာ စွဲလမ်းနေသလိုပင်။  "ဘောစ့် ကျွန်တော်စားချင်နေသေးတုန်းပဲ"

ဗိုလ်မှူးလေးက ထိုတပ်သားကို စိုက်ကြည့်လိုက်သည်။ "မင်းပိုက်ဆံယူလာလား"

"ကျွန်တော်အမြန်ထွက်လာခဲ့ရတာမလို့ ဘာမှမယူလာမိဘူး"

"မနက်ဖြန်ပိုက်ဆံယူလာပြီးမှ ကြိုက်သလောက်စားချေ"

ထို့ကြောင့် တပ်သားတစ်စုဟာ မနက်ဖြန်အတွက်စောင့်မျှော်နေကြပြီပင်ဖြစ်လေသည်။

ရောင်းကုန်များကို အမြန်ပဲလှည်းပေါ်တင်လိုက်ကြပြီး ကြိုးဖြင့်လုံခြုံစွာချည်ထားလေသည်။ ချူကျင်းဇီသည် အဓိကအခန်းကိုသွားပြီး တပ်သားများအား သွားခေါ်ရန်မလိုခဲ့ပေ။ ဗိုလ်မှုးလေးသည် တပ်သားတစ်စုနှင့်အတူ ယာဉ်တန်းဘေးမှာရပ်စောင့်နေပြီပင်ဖြစ်သည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now