Chapter - 32 [ကွဲပြားသော ဧည့်သည်များ]

671 84 1
                                    

Chapter - 32 [ကွဲပြားသော ဧည့်သည်များ]

#unicode

ချူကျင်းဇီက ယဉ်ကျေးစွာပြောလိုက်သည် "ဒီမှာအရမ်းပူတယ် အိမ်ထဲဝင်ပြီးစကားပြောရအောင်"

စန်းဝမ်လုက ခေါ်ငးညိမ့်ကာ သဘောတူလိုက်သည်။ သူမရဲ့ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကလည်း သိမ်မွေ့နေပါသည်။ "ကောင်းပါပြီ"

ချူကျင်းဇီက လူတချို့ကို အိမ်ထဲခေါ်ဆောင်လာပြီး သူမမိသားစုအား အဖြစ်အပျက်များအား အကြမ်းဖျင်းရှင်းပြလိုက်သည်။ ထို့နောက် သူတို့က အချင်းချင်းနှုတ်ဆက်လိုက်ပြီး ရှုဝမ်ရုန်နြ့ စန်းဝမ်လုတို့ကို သူမအခန်းထဲကိုခေါ်ဆောင်သွားခဲ့သည်။

ချူကျင်းဇီက အခန်းထဲသို့ရောက်ပြီးနောက် ခေါင်းလေးထွက်ကာ "ဒုတိယအစ်မ ရေခဲချောင်းနည်းနည်းယူလာပေးပါဦး"

"ကောင်းပြီး ချက်ချင်းယူလာပေးမယ်"

ရှုဝမ်ရုန်နဲ့ စန်းဝမ်လုဟာ အခန်းထဲသို့ရောက်သောအခါ လှည့်ပတ်ကြည့်လိုက်သည်။ အခန်းဟာအလွန်ကျဉ်းပြီး သန့်ရှင်းကာသပ်ရပ်သည်။ ပြီးတော့ ဖော်မပြနိုင်တဲ့ လေအေးလေးတစ်ခုကြောင့် သူမတို့ကို သက်သောင့်သက်သာရှိစေပါသည်။

ချူကျင်းဇီက အေးသွား​အောင် အခန်းအပူချိန်ကိုလျှော့ချဖို့အတွက် အစီအရင်သုံးထားခဲ့ခြင်းဖြစ်ပါသည်။

"ကျင်းဇီ ရေခဲချာင်းဆိုတာ ဘာကြီးလဲ"ရှုဝမ်ရုန်ကမေးလိုက်သည်။

ချူကျင်းဇီက မျက်လုံးမှိတ်ပြလိုက်ပြီး "ခနနေရင်သိရလိမ့်မယ်"

စန်းဝမ်လုရဲ့အကြည့်တွေဟာ ချူကျင်းဇီပြုလုပ်နေသည့် အဝတ်တွေပေါ်ကျရောက်သွားခဲ့သည်။ "ကျင်းဇီ ဒီဝတ်စုံကိုဘယ်သူချုပ်တာလဲ"

"ငါလုပ်ခဲ့တာလေ" ချူကျင်းဇီက ပြန်ဖြေလိုက်သည်။

"ငါယူကြည့်လို့ရမလား"စန်းဝမ်လုက အလွန်နှစ်သက်နေခဲ့သည်။

"ကြည့်လေ"

စန်းဝမ်လုက ဝတ်စုံအားဖြန့်ကြည့်လိုက်သည်။ အဝတ်ကိုချုပ်ထားတဲ့ အထည်စက အလယ်အလတ်ပဲဖြစ်ပြီး အရောင်ကတောက်ပသည်။ ဒီဇိုင်းကတော့ အသစ်ဖြစ်ကာ အရမ်းလှသည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Место, где живут истории. Откройте их для себя