Chapter - 57 [ရှားပါးသောမြင်း]

764 81 1
                                    

Chapter - 57 [ရှားပါးသောမြင်း]

ချူရှုယွမ်နှင့် ချူရှုယောင်တို့ ဝတ်စုံသစ်များကိုဝတ်ဆင်ထားကြသည်။ သူတို့ဟာ လူကြီးလေးယောက်ကို နှုတ်ဆက်လိုက်ပြီး မျက်နှာလေးတွေကလည်း အလွန်တက်ကြွနေလေတယ်။ 

"အဘိုး...အဘွား...အဖေ...အမေ...ကျွန်တော်တို့ ကျောင်းမှာစာသင်ယူဖို့သွားပါတော့မယ်ဗျ"

အဘွားချူလည်း ပျော်ရွှင်နေပါသည်။ "ကောင်းတယ်...ကောင်းတယ်...မင်းတို့အတန်းထဲမှာသေချာလိုက်နားထောင်ကြရမယ်နော် ဒီလိုအခွင့်အရေးမျိုးဆိုတာရဖို့ခက်ခဲတယ် နားလည်ကြလား"

ကလေးနှစ်ယောက်က တစ်ပြိုင်တည်း ခေါင်းငြိမ့်လက်ခံကြသည်။ "အဘွား ကျွန်တော်တို့နားလည်ပါပြီဗျ"

အဘွားချူသည် သူမရဲ့မျက်ထောင့်မှ မျက်ရည်လေးများကိုသုတ်လိုက်သည်။ သူမရဲ့မျိုးဆက်လေးတွေက တစ်နေ့မှာ ကျောင်းတော်ကြီးကို သွားရောက်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပါချေ။ "ဟုတ်ပါပြီ...မြန်မြန်သွားကြတော့...နောက်မကျစေနဲ့ဦး"

ချူရှုယွမ်က သူ၏လက်သီးဆုပ် သေးသေးလေးတွေကို ဆုပ်လိုက်ပြီး "အဘွား ကျွန်တော်တို့စာကြိုးစားပြီး မိသားစုအတွက် ဂုဏ်ကျက်သရေတွေယူဆောင်လာပေးမယ်လို့ ကတိပေးပါတယ်"

အဘွားချူက ကလေးနှစ်ယောက်၏ ခေါင်းလေးတွေကို ပုတ်ပေးလိုက်သည်။ "အဘွားက မင်းတို့ကိုယုံတာပေါ့"

"သွားကြမယ်ဟေ့" အဘိုးချူက ကလေးတွေကို လက်လှမ်းပြနေသည်။ သူနှင့် ချူရုံတို့က ယခုကိစ္စမှာ သူတို့အတွက် ဘယ်လောက်အရေးပါကြောင်းကို ဖော်ပြရန် အထူးအနေဖြင့် အဝတ်စားသစ်များလဲထားကာ အတူတကွ ကလေးတွေကိုကျောင်းလိုက်ပို့ကြမှာဖြစ်သည်။

သူတို့လေးယောက်သည် ရွာသားများ၏ မနာလိုအားကျသော အကြည့်များအောက်မှ တဖြည်းဖြည်း ဝေးရာသို့ရောက်သွားရင်း ပျောက်ကွယ်သွားကြသည်။

ရွာသားအများစုဟာ သူတို့ကလေးတွေကိုလည်း တစ်နေ့မှာကျောင်းကိုပို့နိုင်ရန် အလုပ်ပိုကြိုးစားသင့်သည်ဟု တွေးတောလိုက်သည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Nơi câu chuyện tồn tại. Hãy khám phá bây giờ