part 1[Zawgyi/ uni]

20.7K 326 42
                                    

အသေးလေးက ငါ့အပိုင်⚜️
She is mine

(အပိုင်း၁ )

" ဒီကလေး က မင်းစောင့်ရှောက်ရမယ့်ကလေးပဲ ဇေးဇက်ထင်သော်"

သူ့ရှေ့ကို ရောက်လာတဲ့ ၅ နှစ်အရွယ်ကလေး မလေးတစ်ယောက်ရဲ့ ဓာတ်ပုံလေး တစ်ပုံ။ အနီရောင် ဂါဝန်ဝဲဝဲလေးကို
ဝတ်ဆင်ထားတဲ့ ထို ကလေးမလေးက ...
သူ့ အာရုံကိုခေတ္တဖမ်းစားသွားခဲ့ သည်။
သူ့ အသက်နဲ့ ၁၅ နှစ်ကွာတဲ့ ကလေးမလေး။

" သူက အန်ကယ် ထိုက် ရဲ့ တိတ်တိတ်ပုန်း သမီး ...အန်ကယ် ထိုက် က ဂျပန်ကို ပြောင်းတော့မှာ တစ်နည်း အားဖြင့် ပြောရရင် ဒီကလေးကို သူ က ဒီနိုင်ငံမှာ တိတ်တိတ်လေး ကြီးပြင်းစေချင်တာ ...အဲ့တော့ မင်း နဲ့အတူ စိတ်ချရတဲ့ အဖော်တစ်ချို့ကိုဒီကလေး ကို စောင့်ရှောက်ဖို့ တာဝန်ပေး ခဲ့တယ် မင်းက တော့ သူတို့ကို ကြီးကြပ်ပေးပေါ့ "

" ကျွန်တော် လက်ခံပါတယ် "

အသက် ၂၀ နှစ်အရွယ်မှာ ပထမဆုံးလုပ်ရတဲ့အလုပ်ကကလေး ထိန်းပေးရမှာတဲ့လား။
ဇေးဇက်ထင်သော် ဆိုတဲ့ သူက တစ်ယောက်ထဲသမား။ တစ်ကောင်ကြွက်။သူ့ဘဝမှာ ပိုက်ဆံရဖို့ အတွက်ဆို မလုပ်ရဲတာ မလုပ်နိုင်တာ ဘာမှ မရှိဘူး။

အန်ကယ်ထိုက်က သူ့ရဲ့ အလုပ်ရှင် ကျေးဇူးရှင် ထမင်းရှင်မို့ အန်ကယ်ထိုက် ခိုင်းရင် သူငြင်းစရာ မရှိပါ။

" ကလေးမ လေး ရဲ့ နာမည်က "

" ရိုစီထိုက်တန်"

" ရိုစီထိုက်တန်"

သူ့နှုတ်က ထပ်ဆင့်ရေရွတ်လိုက်တဲ့ အသံနဲ့အတူ အပြင်မှာ မမြင်ရ မတွေ့ရသေးတဲ့
ကလေး မလေး ရဲ့ ချစ်စဖွယ်ဓာတ်ပုံလေးကို ကြည့်ကာ ခပ်ဖွဖွ ပင်ပြုံး မိပါ၏။

====

" ဒယ်ဒီ ရိုစီ့ ကို မထားခဲ့ပါနဲ့နော် "

" ခဏ ပါ ကလေး ရဲ့ ဒယ်ဒီပြန်လာမှာနော်"

" အဲ့ ခဏ က ဘယ်နှနှစ်လဲ "

ကြည့်စမ်းပါဉီး အကောင်ပေါက်လေးက သူမ ဒယ်ဒီကို လူကြီးလေးလို အမှာ စကားခြွေနေတာ။
ဇေး အန်ကယ်ထိုက် လက်ထဲက အကောင်ပေါက်လေး ကို ပြုံးပြီး ကြည့်နေမိသည်။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now