part36[uni/zawgyi]

3K 163 26
                                    

အသေးလေးက ငါ့အပိုင်⚜️

She is mine

(အပိုင်း ၃၆)

လေယျာဉ် ပျက်ကျမှုဟာ ကလော မြို့အနား အရောက်မှာ ပဲဖြစ်သွားတာမို့ ...ဒဏ်ရာ ရသူတွေရော သေဆုံး သူတွေ အားလုံးပါ ကလောမြို့ ဆေးရုံမှာဖြစ်သည်။

" ဟင့် ဟင့်  အီး အင့် အင့် ။ "

ရိုစီတစ်ယောက် ငိုရလွန်းလို့ အသက်ရှူပင်မဝချင်တော့ပါ။ သူမငိုနေတာ မနက်ထဲက နေ ညနေ အထိပင်ဖြစ် သည်။ မျက်ခွံလေးတွေမှာလဲ မို့မောက် နီရဲနေကာ...မျက်နှာ တစ်ခုလုံးလဲ ဖောင်းအစ်နေ၏။

" ဉီး က အင့် ရိုစီ့ကြောင့် ..ခုလို ဖြစ်ရတာ။ ရိုစီပြောလိုက်တာ .. အင့် မွေးနေ့ အမှီပြန်လာပေးလို့ ပြောလိုက်လို့ ....ဟင့် ဟင့် ။ "

သူမကို ဘယ်သူမှ ချော့လို့မရ။ လီလီကိုယ်တိုင်ပင် ...ဆေးရုံခန်းရှေ့မှာ ခြေပစ်လက်ပစ် ထိုင်ချနေမိသည်။ ကိုဇေး က အသက်မသေသော်လဲ အောက်ပိုင်း တစ်ခုလုံး ဆိုးရွားစွာ ထိခိုက်သွားတာကြောင့်...လမ်းလျှောက်နိုင်ဖို့ မသေချာတော့ပါ။

ကိုဇေး ကို သနားသလို ရိုစီလေးကိုလဲ သနားသည်။ ခုထိ သတိမေ့နေဆဲဖြစ် တဲ့   ကလေး ကို ဘယ်လို နှစ်သိမ့်ရမှန်းကို မသိတော့။

" ရိုစီလေး အိမ်ခဏ ပြန်ရအောင်နော်။"

" ဟင့်အင်း ဉီး က ဒီလောက်ဖြစ်နေတာ ကို ...ရိုစီ မထားခဲ့နိုင်ဘူး။"

သူမ ဟာ  ဉီး လက်ကလေးကို မလွှတ်နိုင်သလို ။ လွှတ်ချဖို့လဲ မတွေးမိ။ အရေးပေါ်ခန်းထဲက ထွက်လာပြီးထဲက သူ မ ဉီး အနားမှာ ...တစ်ဖဝါး မခွာရှိနေခဲ့တာပင်။
ဉီး လက်ကလေးတွေကို နှဖူးမှာကပ်ကာ ...အချိန်အတော်ကြာ ထိ ငြိမ်သက်နေမိတော့ မမလလီ ၏ သက်ပြင်းချသံနဲ့အတူ ခြေသံသဲ့သဲ့ကို ကြားလိုက်ရသည်။
ဉီး သတိမရလာမချင်း သူမ ဘာကို မှမစားချင်ပါ။

11. 4. 2027💛

ပြက္ခဒိန် က ရက်စွဲကလေးကို ကြည့်ရင်း မျက်ရည်က အလိုလိုကျလာသည်။ဉီး ပြန်မလာရင် ... မွေးနေ့ပွဲ မလုပ်တော့ဘူးလို့ အကြပ်ကိုင်ခဲ့တာလေ။ ဉီးက ကတိတည်အောင်ကြိုးစားခဲ့ ပါတယ်။
ဒီနေ့ဟာ သူမ အသက် ၁၈နှစ်ပြည့်မွေးနေ့ ဉီးရဲ့ ၃၃နှစ်ပြည့်မွေးနေ့။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now