part 40[uni/zawgyi]

3.1K 156 26
                                    

အသေးလေးက ငါ့အပိုင်⚜️
She is mine
(အပိုင်း ၄၀)

ဇေး ကို ဝေဟင်နဲ့ သူမနှစ်ယောက် သားချိုင်းတစ်ဖက်ဆီက မကာ..အိမ်အောက်ထပ်ကို ချပေးပြီး ဝှီးချဲပေါ် အထိရောက်အောင်တင်ပေးသည်။ အိမ်အပေါ်ထပ်မှာကြီးပဲနေရင် မွန်းကြပ်မှာ စိုး၍ သူမ အရင် အစီအစဉ် ဆွဲခြင်းပင်။
အန်ကယ်ထိုက်လဲ ရှိနေတာကြောင့် အားနာပင်မယ့်လဲ ဒီအိမ်မှာ အသေးမလေး အားနိုင်တဲ့လူ မရှိပါ။

" ဘယ်လိုလဲ လန်းသွားပြီမလား။"

" အင်း "

နှင်းဆီခင်းထဲရောက်တော့ နှင်းဆီပန်း အနံ့တွေကြောင့် စိတ်ထဲမှာ လန်းဆန်းပြီးအေးမြသွား ရသည်။ ဝှီးချဲကို ဖြေးဖြေးချင်းတွန်းပေးကာ ...ပတ်ဝန်းကျင်ကို ကြည့်၍ ရအောင်လဲ လုပ်ပေးနေသေးသည်။

" ဉီး ...အာဘွား ပေး။"

ခါးကိုင်ပြီး မျက်နှာနားကို ပါးတစ်ဖက် ထိုးကပ်လာတော့ နမ်းပေးလိုက်သည်။

" ဒီဘက် "

နောက်ပါးတစ်ဖက်ကိုပါ နမ်းပေးလိုက်ပြီးချိန်ရင်တွေခုန်လာလို့ ...ခေါင်းငုံ့ထားမိပြန်သည်။လူကို အမြဲရင် ခုန်ပြီးစိတ်လှုပ်ရှားအောင်ပြုစား နိုင်လွန်းတဲ့ အသေးမလေး ပါ။

" ရိုစီက လေ နှင်းဆီတွေ အများကြီးပျိုးချင်သေးတာ။ ဉီး နဲ့ရိုစီ အတူတူ နှင်းဆီတွေအများကြီး ပျိုးကြမယ်နော်။"

" အင်း။"

" ကလေးတွေလဲ မွေးဉီးမှာနော်။"

" ...."

" ဒါကျ မအင်းတော့ဘူးလား။"

နှုတ်ဆိတ်ငြိမ်သက်သွားတာ ရှက်လို့ဆိုတာ ဒီအသေးမလေးကို ဘယ်လိုရှင်းပြရပါ့မလဲ။  မရှင်းပြရင်လဲ စိတ်တော်က ညှိုးတော်မူဉီးမည်လေ။ သူ့အနေနဲ့ သူငယ်ငယ်ထဲက ထိန်းကျောင်းလာ ခဲ့တဲ့ ကလေးအပေါ် ဒီလိုကြီးထိတွေးဖြစ်ဖို့ကျ နည်းနည်းတော့ရှက်စရာကောင်းသည်လေ။

" ဟယ် တစ်ကယ်ကြီး မအင်းတော့တာပဲ။
အေးပေါ့လေ မလိုချင်ဘဲ ယူထားရတဲ့ မိန်းမဆိုတော့ လဲ ..."

"အင်း။"

" ဘာ အင်းလဲ မလိုချင်ဘဲ နဲ့ ယူထားရတယ်ဆိုတာကို ဝန်ခံလိုက်တာပေါ့လေ။"

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now