part23[uni/zawgyi]

3.6K 183 26
                                    

အသေးလေးက ငါ့အပိုင်⚜️
She is mine

(အပိုင်း၂၃)

"အသေးလေး မင်းကွာ!! "

ဇေး လက်တို့က သူမ ပခုံး ကို ဆုပ်ကိုင်ပြီးသား ဖြစ်သွားသလို သူမ ကိုယ်လေး အား တဆတ်ဆတ်လှုပ်ခါပစ်၏။

ကိုက ခုထိ ကလေး လို့ပဲသတ်မှတ်ထားတာလေ။ ဘာတွေများလို သွားလို့လဲ။ ဘယ်နားတွေများ မှား သွားလို့လဲ။ ရည်းစား ထားပြီး ချိန်းတွေ့ရတဲ့ အထိ
လျှောက်လည်ရတဲ့ အထိ သူမက မိုက်မဲနေပြီ။

" လွှတ် ...နာတယ် ဟင့် !! "

ရိုစီ့ပခုံး နှစ်ဖက်ကို အားနဲ့ ဆုပ်ကိုင်ကာ ခန္ဓာကိုယ် ကို လဲ လှုပ်ရမ်းနေတာ ကြောင့် မျက်နှာလေး မဲ့သည် အထိ နာကျင်လာရသည်။ လွှတ်ပေးပါ ပြောတော့လဲ မလွှတ်ပေး။

" လာ ခဲ့"

ဉီးဇေး က ရိုစီ့ လက်ကောက်ဝတ်ကိုအားနဲ့ ဆုပ်ကိုင်ကာ ... အိမ်ထဲကို မရောက်ရောက်အောင်ခေါ်လာတော့သည်။

အိမ်ပေါ်ထပ်က ..ရိုစီ့ အခန်းထဲ အထိ ဆွဲခေါ်သွားပြီးမှ ...ရိုစီ့ ကိုယ်လေးကို ...လွှတ်ပေးလိုက်ကာ..တံခါးကိုပိတ်သည်။

" ထိုင်"

" ဟင့် ဟင့် "

" ကို အသုံးမကျတာ ဟုတ်တယ်မလား...
ကို က အသေးလေး အနားမှာ အမြဲရှိပြီး မဆုံး မပေးနိုင်လို့ ခုလို ဖြစ်သွားတာ မလား။"

ဇေး လက်တွေပါ တဆတ်ဆတ်တုန်လာရသည်။ အသေးလေးက သူမဟုတ်တဲ့ တစ်ခြားယောက်ျား  တစ်ယောက် ကို မှီခိုနေတတ်ပြီ။ အခြားယောက်ျားတစ်ယောက်ကို .. ချစ်တတ်နေပြီတဲ့လား။

ပိုယူကြုံး မရဖြစ်ရတာက...သူ ဟာ ဒီပန်းကို ကောင်းကောင်းမပျိုးနိုင်ခဲ့လို့ ပါ။ သူသာ ကောင်းကောင်းဂရုစိုက်ခဲ့ရင် ခုလိုဖြစ်လာစရာ အကြောင်းမှ မရှိတာ။
ခုတော့ ...သူ့ အသေးလေးဟာ ရည်းစားတောင် ထားတတ်နေပြီ။

အသုံးမကျလိုက်တာ။ ဇေးဇက်ထင်သော်ဆိုတဲ့ ကောင်က တစ်ကယ့် ကို အသုံးမကျဘူး။ကလေးတစ်ယောက်ကို တောင်သေချာ မထိန်း သိမ်းနိုင်ဘူး။

"ဒုန်း"

ဇေး...အသေးလေးရှိတာကိုမေ့ပြီး အနားက နံရံအား လက်သီးဖြင့် ပိတ်ထိုးလိုက်မိသည်။ အရှိန်က တော်တော်ပျင်းတာရယ်ကြောင့် လက်မှ သွေးတွေက တစက်ချင်း စီးကျလာ၏။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now