part9[zawgyi/uni]

2.6K 143 18
                                    

အသေးလေးက ငါ့အပိုင်⚜️
She is mine

(အပိုင်း9)

" ကို တို့ တစ်သက်လုံး မခွဲဘဲ အတူတူနေရအောင် နော် "

" ဟုတ်"

အသေးလေးကို ရင်ခွင်ထဲမှ ခပ်ဖြည်းဖြည်း ထုတ်လိုက်ကာ ...သူတို့ပြန်ရန်ပြင် ရသည်။

ဒီကလေး သူ့အပေါ်မှာထားတဲ့ စေတနာမေတ္တာ တွေဟာ ဒီလောက်ထိ ကြီးမားနေမှန်း မသိရသူ ပီပီ  ဒီကလေးရဲ့မေတ္တာတွေကိုမြင်ရတော့ ငြိမ်းချမ်းရပါသည်လေ။

ဘာလိုလိုနှင့် ကျောင်းပိတ်ရက်တွေလွန်မြောက်၍ ကျောင်းပြန်တက်ရမယ့် အချိန်ပင်ရောက်လာခဲ့ပြီဖြစ်သည်။
အသေးလေး ကျောင်းပြောင်းဖို့အတွက်..လိုအပ်တာတွေ စီစဉ်ပြီးနောက် အသေးလေး ဟာ ..မနက်ဖြန်ဆိုကျောင်းတက်ခွင့်ရခဲ့ပြီဖြစ်သည်။

ဟိန်းကမ္ဘာကျော် နဲ့အတူ တူ တစ်ကျောင်းထဲကျတာမို့ ..သူ စိတ်ပူစရာတော့ မလိုပါ။ အဲ့ကောင်လေး က အသေးလေးကို ကာကွယ်စောင့်ရှောက်မယ်ဆိုတာ သူသိပြီးသား။

စိတ်ဓာတ်ကျနေသည် က ကို့ကလေး။

"ဉီးဇေး ကြောင့် ကျောင်း​ပြောင်းရတာ။ ဉီးဇေး ကိုမခွဲနိုင်လို့ ...ရိုစီ့ သူစိမ်းတွေကြားမှာ...နေရတော့မှာ ဟင့် "

နေ့လည်ထမင်းစား ချိန်တုန်းက ထိုကလေးဟာ သူ့ကို ငိုကာ အပစ်တင်ခဲ့သေးသည်လေ။

" ကိုဇေး ကိုဇေး !! "

ဝေဟင် ရဲ့ စိုးရိမ်တကြီး ခေါ်သံကြောင့် ဇေး တစ်ယောက်တွေးလက်စ အတွေးတို့ပင်ပျောက်သွားရ၏။ ဘာတွေများဒီလောက် အရေးကြီးနေပါလိမ့်။

" ကိုဇေး ကျွန်တော် တို့ စိုက်ခင်းထဲက အလုပ်သမားတစ်ယောက် ပိုးထိလို့"

" ဘာ !! "

ကို့ခြံမှာ အလုပ်လုပ် ရင်းဖြစ်တာမို့ တာဝန်အရှိဆုံးလူက သူဖြစ်သည်။ အလုပ်သမားကို ပုခက်နဲ့ ထမ်းခေါ်လာကြပြီး နောက်မြို့ထဲကဆေးရုံကို သူ့ကားဖြင့်ပဲ တင်ခေါ်လာရတော့သည်။

ဆေးရုံရောက် တော့ ထိုလူ့ အသက်မှီရုံကလေး။
ကားအဆင်သင့်ရှိလို့ သာပေါ့ နို့မို့ ဆို မလွယ်။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now