part13[zawgyi/uni]

2.7K 146 15
                                    

အသေးလေးက ငါ့အပိုင်⚜️
She is mine

(အပိုင်း၁၃)

" ဉီးဇေး ကိုခေါ်ပေး ။"

" ကိုဇေး က စိုက်ခင်းထဲသွားတာပါ ကလေးရယ် ခဏနေ ပြန်လာမှာပေါ့။"

" ဟင့် လူလိမ်ကြီး ။ "

ရိုစီ လေးဟာ ကိုဇေး ပြန်မလာမခြင်းငို နေမည်ပင်။ လီလီ လဲကြံရာမရသည့်အဆုံး၌ ကိုဇေး ဖုန်းကို ပင် လှမ်းပြီးဆက်သွယ်လိုက်ရသည်။ ရိုစီလေး က နေမကောင်းရင် တအားဂျစ်တာ ရယ်ကြောင့် ကိုဇေး မှလွဲ ၍ အခြား ဘယ်သူမှ မနိုင်။

ကိုဇေး မှာလဲ ဘယ်လိုပင်ပြန်လာတယ်ရယ်မသိ။ ဖုန်းဆက်ပြီး ၁၅မိနစ်လောက်အကြာဆို ရောက်ချလာတော့၏။
သူ့အသေးလေး က တအားဂျစ်နေပြီဆိုတာကို သိလို့ ဖြစ်မှာပါ။

"အသေးလေး ...ကလေးရေ ။"

" ......"

" ကလေးရေ ...ဟာ ငိုနေတာကို ။ "

အသေးလေး ဟာ တစ်ကယ်ပင် ...နေမကောင်းရင် အရမ်းစိတ်အတက်အကျမြန်သည်။ စိတ်ခံစားချက်နဲ့ ပြုမူတဲ့ပုံစံက အစ ...နေကောင်းတုန်းက ပုံစံနဲ့မတူ။ ထိုကလေး ဟာ နေမကောင်းဖြစ်တဲ့ အချိန်တိုင်း အတမ်းတ ဆုံးက သူ့ကိုပဲလေ။ဒါကို
သူကလဲ စိတ်အလိုလိုက်ပြီးဒီကလေးကို မျက်ရည်ကျအောင်ထပ်လုပ်မိပြန်ပြီ။

" ဉီးဇေး ဟင့် ဟင့်။"

" ကို လာပြီလေ မငိုနဲ့ မငိုနဲ့နော်။"

" ဟင့် ဖက်ထားပေး။"

လက်ကလေး နှစ်ဖက်ဆန့်တန်းကာ သူ့ကို ဖက်ပေးဖို့ တောင်းဆိုနေတဲ့ကလေးငယ်လေးကို သူ့ရင်ခွင်ထဲ မှာထည့်ဖွက်ထားလိုက်မိသည်။

အနွေးဓာတ်ကလေး...ရင်ထဲက ဘယ်တော့မှ ပျောက်ကွယ်မသွားစေချင်တဲ့ ဇေးရဲ့ အနွေးဓာတ်ကလေးက အသေးသာ။

" နွေးလိုက်တာ ...ဟင့် ကိုကိုနဲ့မတူဘူး...ဉီးဇေးက အရမ်းနွေးတာပဲ။"

" အသေးလေးရယ် ။"

ဒီကလေးဟာ စောစောကတည်းက သူ့ရင်ခွင်ရဲ့အနွေးဓာတ်ကို တောင်းတနေခဲ့တာပေါ့။ သူမပေးနိုင်လို့သာ ဟိန်းကမ္ဘာကျော်ရဲ့ ရင်ခွင်ထဲ သူမ က ခိုဝင်သွားတာဖြစ်လောက်သည်။
သိမ့်ကမ္ဘာကြိုးက အရေးကြီး အလုပ်စကားပြောစရာ ရှိတယ်ဆိုတာရယ်ကြောင့် သာ သူ့မှာ ...ဒါလေးကို ထားခဲ့ရတာပါ။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now