part16[uni/zawgyi]

2.7K 150 17
                                    

အသေးလေးက ငါ့အပိုင်⚜️
She is mine

(အပိုင်း၁၆)

11.4.2026🌹💛💙🌹

လှပသော Dateလေးတစ်ခုရယ်ပါ။တဖြည်းဖြည်းနှင့်အရွယ်ရောက်လာသော အသေးလေးနှင့်အတူ  သက်လတ်ပိုင်းလူငယ်အရွယ်ကနေ ...အသက် ၃၀ကျော်အရွယ်ထိရောက်လာခဲ့ပြီဖြစ်သော သူ့အတွက် ထိုdate လှလှလေးဟာ ...အမှတ်တရတစ်ခုထပ်ပိုသော ...နေ့စွဲလှလှလေး တစ်ခုရယ်။

အသေးလေးဟာ ၁၇ နှစ်အရွယ် ဟူသော နုပျိုမှုတွေကို ခံစားနေရပြီဖြစ်သလို သူကိုယ်တိုင်လဲ အသက် ၃၂ အရွယ်၏ ရင့်ကျက်မှုတွေကို ခံစားနေခဲ့ရပြီဖြစ်သည်။

" Happy birthday အသေးလေး"

" Happy birthday ဉီးဇေး "

အနီရောင် ဂါဝန်လေး ကိုဝတ်ထားပြီး ခါးထိရှည်တဲ့ ဆံနွယ်တွေကို ...မြှင့်နေအောင်မြှောက်စီးထားသော အသေးလေးသည် သူ့အမြင်၌ တစ်မျိုးယဉ်နေ၏။
သူကိုယ်တိုင်လဲ  နီညိုရောင် တီရှပ်နှင့် ...နီညိုရောင် ပုဆိုးကို အသေးလေးနှင့် ဆင်တူဖြစ်စေရန်ဝတ်ထားခဲ့သည်လေ။

အရင်ဆုံး ...ဘုရားသွားကြမည်ဖြစ်တာကြောင့်...ကားပေါ်တက်လိုက်ကြပြီး ဇေး က ကားကို ...ခပ်ဖြည်းဖြည်းမောင်းထွက်၏။
မွေးနေ့ရှင် နှစ်ယောက်သာ..ဘုရားသွားကြတာဖြစ်ပြီး ...လီလီနဲ့ဝေဟင်က တော့ အိမ်မှာပဲ ကျန်နေခဲ့ကြတာ ဖြစ်သည်။

ကားမောင်းနေရင်းမှ ...ပြောင်းလဲ သွားသော ကို့ကလေး၏ ပုံစံလေးကို မသိအောင်ခိုးငေးနေမိတာ က ဇေးပင်။

အသေးလေးက ပါးလေးဖောင်းရုံ ဆိုရုံသာ ဖောင်းတော့၏။ ငယ်ငယ်က သိပ်မပေါ်ခဲ့သော နှာတံကလေးတို့ဟာ ယခုအချိန်မှ ထိပ်ဖျား လုံးလုံး ချွန်ချွန်လေး ဖြစ်လာသလို ...နှုတ်ခမ်းလေးတွေက အစ နီရဲ လုံးထွေး လာလေသည်။
သူ့နှင်းဆီကလေး က လှလှလေးကြီးပြင်းလာတာပဲကို။

သူငေးနေခဲ့သလို တစ်ဖက်က အသေးလေးမှာလဲ သူ့ကိုငေးနေခဲ့တာကို ဇေးဇက်ထင်သော်တစ်ယောက်မရိပ်မိခဲ့။

" နင့်...ဉီးဇေး က ချောတယ်နော် ...ငါတို့ငယ်ငယ်တုန်းက သူက ငါတို့ရဲ့သူရဲကောင်းကြီးလေ ။ ခုတော့ ငါတို့ရဲ့ အချစ်ဉီးကြီးပေါ့။ အရမ်းချောတယ်ဟာ နင့်ကိုတော့ ..တူမလေးတော်ချင်နေပြီ။"

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now