part 42[uni/zawgyi]

1.9K 157 35
                                    

အသေးလေးက ငါ့အပိုင်⚜️
SHE IS MINE
(အပိုင်း၄၂)

" ကိုကို ကလဲကြာလိုက်တာ ။ "

ဉီးရဲ့ အလုပ်စားပွဲနားမှာ ရစ်သီရစ်သီ လာလုပ်ကာ ထိုစကားကို ထပ်ခါခါ ပြောဖြစ်၏။

အခြေအနေကတော့ နည်းနည်းလေးတောင်တိုးတက်မလာသလိုပါပဲ။ မနက်တုန်းကပဲ မလိုလား သလို ပုံစံနဲ့ ရှိနေခဲ့တဲ့ဉီး ဟာ ခုဆို တားမြစ်စကားတစ်ခွန်းတောင်ထွက်မလာသေးဘဲ ...တည်တည်ငြိမ်ငြိမ်နဲ့ အလုပ်လုပ်နေပြီဖြစ်၏။

ရိုစီသာ တစ်ယောက်ထဲ ပူလောင်နေပင်မယ့် ဉီး က တော့ ဘာမှ မဖြစ်သလိုပါပဲ။

" ဗိုက်ဆာလိုက်တာနော် နေ့လည်စာ စားချိန်တောင် ရောက်တော့မယ်။ "

ပြောလဲပြော ဉီး ရှိရာကိုလဲမျက်လုံးစွေကြည့်မိ၏။ အဲ့ဒီ့မျက်လုံးတွေနဲ့ အဲ့ဒီ လက်ချောင်းသွယ်သွယ်တွေက ကွန်ပျူတာက ခွာမလာခဲ့ပါဘူး။
နောက်ဆုံးတော့ ရိုစီက ပဲ အရှုံးပေးကာ...
အောက်ထပ်ကို ဆင်းပြီး မနက်စာစားဖို့ ဆုံးဖြတ်လိုက်ရတဲ့ အထိ ဉီးက အသဲမာလှ၏။

အခန်းတံခါးဟာ ဂျိမ်း ခနဲမြည်သံနဲ့အတူ ပိတ်ကျသွားမှ ...ဇေး ရဲ့လှုပ်ရှားမှုတွေက တိခနဲရပ်သွားရ သလို ...သက်ပြင်းတစ်ခုပါ ခပ်ဖွဖွ ချလိုက်မိသည်။ အသေးမလေးက  သူ့ရင်ကို ပုန်ကန်ဖို့ လုပ်နေသည့်တိုင် တစ်ချက်မှ မတားခဲ့တဲ့ သူဟာ ဝေဟင်ပြောသလို ပဲ မှားနေပြီလား။ သဘောထားကြီး နေတာက ...အမှားဖြစ်နေတာလား ဆိုတာ စဉ်းစား ရင်း ဒုတိယမြောက် သက်ပြင်းကို ထပ်ချလိုက်မိသည်။

=

" ဇေး"

ဝရန်တာမှာ ခနလေးထိုင်နေဖြစ်တုန်း အန်ကယ်ထိုက် ဆီမှ ခေါ်သံသဲ့သဲ့ကြားလိုက်၏။
အန်ကယ်ထိုက် အသံက အေးစက်နေတာမျိုး မဟုတ်ပင်မယ့်လဲ နွေးထွေးနေတာ မျိုးလဲ မဟုတ်ခဲ့။

" ငါ့ သမီးကို မင်းတစ်ကယ်ချစ်ရဲ့လား။"

" ကျွန်တော့ ဘဝနဲ့ ထပ်တူ ချစ်ပါတယ်။"

နည်းနည်းလေးတောင် တွန့်ဆုတ်ခြင်းမရှိဘဲ ဖြေခဲ့တဲ့ အဖြေအပေါ် အန်ကယ်ထိုက် က သဘောတွေ့စွာ ပြုံး ရင်း ခေါင်းငြိမ့်ပြီး...

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now