part39[Uni/zawgyi]

3.1K 161 24
                                    

အသေးလေးက ငါ့အပိုင်⚜️
She is mine
(အပိုင်း ၃၉)

သူ့ရင် တွေ ဟာ မီးစနဲ့ ထိုးခံရသလိုပူလောင်နေလွန်းလှပြီဖြစ်၏။ အသေးလေး၏ ငို သံတွေကို သူမကြားနိုင်ပါ။

" ငါမှားတာ ...ငါ့ဘဝကြီးက မကောင်းလို့ "

ဝှီးချဲ လက်ရန်းကို တင်းနေအောင် ဆုပ်ကိုင်ရင်း အံကြိတ် အော်မိသည်။ အပြင်က ငိုသံလေး​တွေ ကြားရစဲမို့ ...ပါးနှစ်ဖက်ပေါ်က မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ကာ ...တံခါးကိုစောင့်ဖွင့်လိုက်တော့ တံခါး ရှေ့မှာ ဒူးထောက်ရင်း မတ်တပ်ရပ်နေတဲ့ သူမလေး ကို တွေ့လိုက်ရသည်။

သူ့ကိုမြင်သည်နှင့်
သူမရဲ့ မျက်လုံးလေးတွေက မျှော်လင့်ချက်ကြီး စွာ .. မော့ကြည့်လာခဲ့ပြီးနောက်

"ဉီး ...အင့် ဉီး ရိုစီ့ ကို မစွန့်ပစ်ပါနဲ့ ။ "

" ငါတို့က အစထဲက မပတ်သတ်သင့်တဲ့လူတွေ ပဲ ရိုစီထိုက်တန်။ ငါ့ဘက်က စည်းကျော် မိခဲ့တဲ့ အတွက်တောင်းပန်ပါတယ်။
မင်းဒယ်ဒီ လဲ လာခေါ်ပြီ ဆိုတော့ မင်းပြန်လိုက်သွားလိုက်ပါတော့။ ငါ့ဘက်က တာဝန်တွေကျေခဲ့ပြီလို့ ထင်ပါတယ်။ "

" ဟင့်အင်း ဉီး ညာနေတာ ။ ဉီး က ရိုစီ့ကို ဘာလို့စွန့်ပစ်ရမှာလဲ။ ရိုစီ ..ဉီးနဲ့ဝေးရမှာကြောက်တယ် ဟင့်။"

" မင်း သွားပါတော့။ "

" ဉီး ။"

နှုတ်ခမ်းကို ကိုက်ကာ မျက်ရည်ကျနေလို့ ဆက်မကြည့်နိုင်တော့ဘဲ ...မျက်နှာလွှဲဖြစ်သွားသည်။
သူမ မျက်ရည်တွေက သူ့နှလုံးသားကို ပျော့ညံ့စေသည်လေ။

" သမီးလေး ။"

" ဟင် ။"

ဒယ်ဒီ ဆိုတဲ့လူကြီးနဲ့ ကိုကိုဝေဟင်ပါ အပေါ်ထပ်ကို ပြေးတက်လာကြပြီမို့ ..ဉီးကို မော့ကြည့်ဖြစ်တော့ ...မျက်နှာလွှဲကာနေသည်မို့ ...ရင်ထဲမှာ တဆစ်ဆစ် နာကျင်လာရသည်။

" ဟင် "

သူ ရှေ့မှာရှိနေတဲ့ ပုံရိပ်လေးက...ဝရန်တာဘက်ကို ပြေးသွားတာမို့ ...မျက်လုံးပြူးသွားရသည်။ သူမ က မိုက်ရူးရဲဆန်တာမျိုး။အတွေးဆိုးတွေကြောင့် ဝှီးချဲဘိန်းကိုမြန်မြန်လှိမ့်ကာ ဝရန်တာ ဘက်ကို သွားလိုက်၏။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now