part 31[uni/zawgyi]

3.7K 178 30
                                    

အသေးလေးက ငါ့အပိုင်⚜️
She is mine

(အပိုင်း ၃၁)

နေ့တိုင်းလိုလို အားလပ်ရက်တွေဖြစ်နေတာရယ်ကြောင့် ရိုစီတစ်ယောက် အချိန်တိုင်း အားလပ်နေ၏။ မနက်ဘက်ဆို ..မမလီလီနဲ့အတူ မီးဖိုချောင်ဝင် ၊ ဘုရားဆွမ်းကပ်၊ နေ့လည်ဆို tv ကြည့်ဖြစ်သည်။

ညနေပိုင်းဆိုရင်လဲ ပန်းပင်တွေရေလောင်းလိုက်၊ ခွေးလေးတွေဖြင့် ဆော့လိုက်ဖြင့် အချိန်တို့အားကုန် ဆုံးစေ၏။

" ဒီနေ့ မသွားဘူးလား။"

ခြံထဲက ဒန်းပေါ်မှာ ထိုင်နေတဲ့ ပုံရိပ်က ...တစ်ကယ့်ကို အေးချမ်းလွန်းလှသည်။ အပြာရောင် တီရှပ်နှင့် ဉီးဂျမ်းပုဆိုး အညိုရောင် ကို တွဲဝတ်ထားသော ထိုအမျိုးသားလေးဟာ  စာအုပ်တစ်အုပ်ကို ငြိမ်သက်စွာဖတ်နေလေသည် ။ မတွေ့ချင်ဘူးဟု တေးထားသည့်တိုင် ဒီလို တည်ငြိမ်အေးဆေးလွန်းတဲ့ ဉီးဇေး ၏ ပုံရိပ်အား သူမ အကြည့်မလွှဲနိုင်ခဲ့ပါ။

ရင်ခုန်ရတဲ့ ...မျက်ဝန်းတွေ။နှာတံ မြင့်မြင့်နဲ့ ပိရိသေသပ်လွန်းတဲ့ နှုတ်ခမ်းပါးတွေ။လက်ချောင်းသွယ်သွယ်တွေ ဟာ ဘယ်အချိန်မဆို ငေးချင်လောက်အောင် လှပနေတာပဲလေ။ ဒီအပြင့် ထိုယောက်ျားဟာ ရွှေရောင်ကိုင်းနဲ့ လေးထောင့် ပုံမျက်မှန်ကြောင့် ပိုပိုပြီးတောင် ခန့်ညားနေသလိုပါပဲ။

" အဟမ်း "

ချောင်းဟန့် သံကြောင့် ရိုစီ့ ကိုယ်လေး တစ်ချက်တုန်တက်သွားရသည်။ ဉီးဇေးကတော့ ဘာမှ မဖြစ်သလို ...မျက်မှန်လေးကို ပင့်တင်ရင်း ခြေချိတ်ထိုင်ကာ စာဆက်ဖတ်လို့နေ၏။

" ဘာလို့ အဲ့လောက် ခန့်နေတာလဲ။"

===

" ဗိုက်ဆာလိုက်တာ။ "

ည သန်းခေါင်ကျော်အချိန်ကြီး ဗိုက်ဆာလာတာကြောင့် ...ရိုစီ ဟာ မီးဖိုခန်းထဲသို့ ခြေလှမ်း ချမိ၏။ဗိုက် ခေါက်ကလေး နည်းနည်းလောက် ထွက်သည် နှင့်ညစာကို အနည်းငယ် သာ စားပြီး အစာငတ်ခံ ဝိတ်ချနေသော သူမ သည် ...ညသန်းခေါင်ရံ တွင် အစာအိမ်၏ နှိပ်စက်မှုကိုတော့ မခံနိုင်သည့် အဆုံး လက်မြှောက် အရှုံးပေးလိုက်ရတော့လေသည်။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now