part29[uni/zawgyi]

3.2K 171 24
                                    

အသေးလေးက ငါ့အပိုင်⚜️
She is mine

(အပိုင်း၂၉)

သူတစ်ပါး မပေးချင်တာကိုအတင်းအကြပ် မယူရဘူး။ မလုရဘူးတဲ့။
သူတစ်ပါးက ကြည်ဖြူမှ ...ပေးချင်မှ ယူရမယ်တဲ့။
တစ်ကယ်လို့ သူတစ်ပါးမကြည်ဖြူတာကိုမှဇွတ်ယူမိရင် ...ကို့ အတ္တ ကကို့ကို ပြန်လောင်မြိုက်စေလိမ့်မယ်။ ပူလောင်စေလိမ့်မယ်တဲ့လေ။

ဟုတ်ပါသည်လေ။ မပေးချင်ပါဘူး ဆိုတာကို အတင်းလုယူလို့မှ မရတာ။ ရိုစီ မယူတော့ပါဘူး။ မယူတော့ပါဘူးလေ။

" ရိုစီ  က ဝေးဝေး နေပေးပါ့မယ် ။ တတ်နိုင်သမျှ ဝေးဝေး နေပေးမှာမို့ ..ညဘက်ကို နောက်ကျ တဲ့ အထိ အပြင်မှာမနေပါနဲ့။ ပြီး တော့ အရက် တွေလဲ မသောက်ပါနဲ့ တော့။ "

သူမ အသံက ဆိုနင့် ကြေကွဲစွာ ထွက်ပေါ်လာ၏။

" ခံစားချက်တွေကို အသိအမှတ်မပြုရင် နေပါ ...။ ဖျက်ဆီး ပစ်လိုက်ဖို့တော့ ..မတောင်းဆိုပါနဲ့။  ရိုစီ့မှာ ...အဲ့လောက်ထိ အင်အားတွေ ရှိမနေတာမို့ ...ခံစားချက်တွေကို  တော့ ဒီတိုင်းလေး ...ဒီတိုင်းလေးပဲ ဆက်လက်ရှင်သန် ခွင့်ပေးပါ ။  "

ရိုစီ  သည် စကား အဆုံး၌ ပင် ...ဉီးဇေး ရှေ့၌ ရှိနေသည်ကို ပင် အပြစ်ရှိသလို ခံစားလာရတာကြောင့် ချက်ခြင်းဆိုသလို ..ကျောခိုင်းပြီး ပြေးထွက်လာခဲ့မိသည်။

ထိုသို့ ပြေးထွက်ခဲ့သည့် အတွက် ကျန်နေခဲ့သည့် ဉီးဇေး ရဲ့ မျက်နှာ အမူအရာ ဟာ ဘယ်လို ...ဖြစ်နေမယ် ဆိုတာ သူမ မသိသလို။ သိလဲ မသိချင်တော့ပါ။

" ကောင်းသွားတာပေါ့ "

ဇေး ဟာ သူ့ပါးပြင်ထက်၌  ဘယ်အချိန်ကပင်ကျနေခဲ့မှန်း မသိသော မျက်ရည်စတို့အား  ပွတ်သပ် ဖယ်ရှားခြင်း မပြုဘဲ ဒီတိုင်းကလေး ပင်ရှိစေ၏။ အသေးလေး ဟာသူ့ကြောင့် ငိုနေတယ်။ အသေးလေး ဟာသူ့ကြောင့်နာကျင်နေတယ်ဆိုရုံနဲ့ တင် ...သူ့ မှာ အကြိမ်ကြိမ် ပြိုလဲ ပြီးသားပါ။

ခုသူဟာ အသေးလေး အမြင်မှာ မကောင်းတဲ့ လူတစ်ယောက်ဖြစ်ရင် ဖြစ်သွားမယ်။
နှလုံးသား မရှိတဲ့ လူတစ်ယောက်ဖြစ်ချင် ဖြစ်နေမယ်။ ဒါပင်မယ့် ...တစ်ချိန်ချိန်မှာပေါ့ ...တစ်ချိန်ချိန်မှာတော့ ...အသေးလေးဟာ သူ့ ခံစားချက်တွေကို နားလည်ကောင်းနားလည်နိုင်ပါ ရဲ့။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now