part15[zawgyi/uni]

2.6K 145 17
                                    

အသေးလေးက ငါ့အပိုင်⚜️
She is mine

(အပိုင်း၁၅)

လွန်ခဲ့သော နေ့လည်ခင်း ၁၁နာရီ

ဇေး အလုပ်တွေရှုပ်နေတုန်း ဖုန်းဝင်လာတာရယ်ကြောင့် ဖုန်းကိုင်လိုက်တော့ အန်ကယ်ထိုက်၏ ဖုန်းဖြစ်နေခဲ့သည်။ ပန်ကယ်ထိုက် ရဲ့ ဖုန်းနံပါတ်က ဘယ်သော အခါရယ်မှာ အတည်မရှိတာကြောင့်....သူ့ဘက်က ဆက်သွယ်၍ မရ။ အန်ကယ်ထိုက်ဆက်သွယ်မှသာ ရလေသည်။

" ဇေး ...။"

" ဟုတ်ကဲ့ အန်ကယ်ထိုက်။ ကျွန်တော်နားထောင်နေပါတယ်။ "

" ရိုစီလေး နေကောင်းရဲ့လား အဲ့ဒီ့ဘက်မှာ နေရတာကော အဆင်ပြေရဲ့လား။"

" ဟုတ်ကဲ့ အားလုံး အဆင်ပြေပါတယ် ခင်ဗျာ့။ "

" အန်ကယ် သမီးလေး ကို ပြန်ခေါ်ထားတော့မလို့ ။ "

" ဗျာ။"

အသေးလေးကို ပြန်ခေါ်တော့မည်ဆိုတာရယ်ကြောင့် ဇေး ရင်ထဲခေတ္တတော့ ဗလောင်ဆူသွားရသည်။

" ဟလို...ဟလို ဇေး ကြားရဲ့လား။"

အန်ကယ်ထိုက်ရဲ့ ဖုန်းကိုပြန်မဖြေဘဲ အကြာကြီး ကိုင်ကာ ငိုင်နေမိတော့ တစ်ဖက်က မေးသံသဲ့သဲ့ထွက်လာ၏။

ဇေး မသိမသာ သက်ပြင်းချမိရင်း

" ကျွန်တော် နားထောင်နေပါတယ်။"

" သမီးလေး ကို ဂျပန်မှာ တက္ကသိုလ် တက်ခိုင်းမယ်ကွာ။ ငါ့မိန်းမတော့ သိလို့မဖြစ်ဘူးပေ့ါ။ ငါ သမီးလေးကို သေချာစောင့်ရှောက်မှာပါ။မင်းကိုလဲ ငါ့သမီးလေးကို စောင့်ရှောက်ပေးလို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ...ခုနေတဲ့ နေရာနဲ့ ခြံတွေကိုပါ အပိုင်ပေးမယ်။ သမီးလေး တက္ကသိုလ် တက်မယ့်အချိန်ရောက်ရင်တော့ ငါပြန်ခေါ်မယ်။ "

" ကျွန်တော် နားလည်ပါပြီ။"

အန်ကယ်ထိုက် ဘက်က ဖုန်းချသွားသည်အထိ ဇေး ဖုန်းကို ကိုင်ကာ ကြောင်ကြောင်ကြီး ရပ်နေမိသည်။

အသေးလေးကို ...ပြန်ခေါ်တော့မှာတဲ့။
ဟုတ်တာပဲ အသေးလေးကို သူမှ မပိုင်တာ။ သူက ခဏ လောက်စောင့်ရှောက်ပေးရုံ သက်သက်ပဲလေ။
သူ က အသေးလေးကို ချစ်ပဲချစ်ပေးနိုင်တာ။ အန်ကယ်ထိုက်လို ငွေနဲ့ အင်အားမရှိတာကြောင့် ...သူအသေးလေးကို လက်လွှတ်ရလဲ ဒီကလေး ကောင်းဖို့ အတွက်ပါပဲ။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now