part22[uni/zawgyi]

2.9K 134 22
                                    

အသေးလေး ကငါ့အပိုင်⚜️
She is mine

(အပိုင်း ၂၂)

" တွဲမယ် "

"ဘယ်လို"

" ငါနင်နဲ့ တွဲမယ်လို့"

စည်သူအောင် တစ်ယောက် တစ်ကယ်ပင်မယုံနိုင်အောင်ဖြစ်သွားရသည်။
တစ်ကယ်တော့ ရိုစီ ထိုက်တန်ဆိုတာ ကျောင်းရဲ့ စံပြမိန်းကလေးတစ်ယောက်လေ။ သူ့ ဘက်က သူမကို စိတ်ဝင်စားသော်လဲ တကယ့်ဖြူဖြူစင်စင်ကလေးမို့ မကစားချင်တာရယ်ကြောင့် လွှတ်ပေးထားတာဖြစ်၏။

မနေ့က လုပ်ရပ်ကလဲ ...သူငယ်ချင်းတွေနဲ့ ဂိမ်းတစ်ခု ဆော့ရင်း ရှုံးသွားတာကြောင့်...အလျော်အစားအနေဖြင့် ကျောင်းရဲ့စံပြမိန်းကလေး ဖြစ်သော ရိုစီထိုက်တန်အား ခုလို စာလေး ကပ်ကာ ရည်းစားစကားပြောရန် ဖြစ်လာတာပင်။

သူထင်တာက ရိုစီ ထိုက်တန်က သူ့ကို ရုံးခန်းကို ပို့မယ်လို့လေ။ ခုတော့...သူ့ကို ပြန်တောင်ကြိုက်လိုက်သေးတယ်။ဒါတစ်ကယ့် ထီပေါက်သလို ကံထူးတာပဲ။

ကျောင်း အနောက်ဘက် ကနေရာလွတ်တစ်ခုမှာ ...မျက်နှာချင်းဆိုင် အနေအထားဖြင့် သူတို့ရှိနေခဲ့ကြတာပင်။

စည်သူအောင်တစ်ယောက်ခုထိမယုံနိုင်လို့ ...သူမမျက်နှာကို ငေးကြည့်နေမိတုန်းပင်။

" ငါနဲ့တွဲတာကို နင်လျှို့ဝှက်ပေးထားရမယ်။"

play boy ကို လာပြီး..play နေတဲ့ကောင်မလေး ကြောင့် သူတစ်ချက်ပြုံးလိုက်ကာ...

"သဘောတူတယ်။"

ဒီအဖြူထည်လေး က သူ့ကို လာစမ်းသပ်နေတာပဲ။ကောင်းပြီလေ။ တွဲကြတာပေါ့။ တစ်ပတ်ကို တစ်ယောက် လောက်ပြောင်းပြီး တွဲနေကြ သူ့လိုလူအတွက်...ဒီကစားပွဲဟာ တစ်ကယ့်ကို စိတ်ဝင်စားစရာ ဖြစ်လာမှာပါ။

===

အသေးလေး ဟာ သူ့ကို ရှောင်နေတာ သိသာလွန်းလှ၏။ မနက် အိပ်ယာ နိုးချိန်ကစပြီး...ညဘက် အိပ်ယာဝင်ချိန်အထိ..သူနဲ့ လုံးဝမတွေ့အောင်ရှောင်သည်။ ထိတ်တိုက်တွေ့လျှင် .. ခေါင်းလေးငုံ့ကာ အကြောင်းပြချက်အမျိုးမျိုး ပေးပြီး သွေဖယ်သွားပြန်၏။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now