part4[zawgyi/uni]

4.5K 159 20
                                    

အသေးလေးက ငါ့အပိုင်⚜️

She is mine

(အပိုင်း ၄)

"ဉီးဇေး ရေ ကြည့်ပါဉီး ....နှင်းဆီ ပန်းပင်သေးသေးလေးတွေ ခြံထဲမှာ "

ဇေး စိုက်ခင်းအခြေအနေတွေ သွားကြည့်ပြီး ပြန်လာတာမို့ ... ချွေးစိုနေတဲ့အ ဝတ်အစားတွေနဲ့ပဲ အသေးလေး ခေါ်ရာကို ရောက်လာရပြန်ပြီ။ ခြံထဲကို ဇေး တို့ ဆိုင်ကယ်တွေ ဝင်လာတာ နဲ့ သူမလေးက အိမ်ထဲမှ နေပြီး ခြံထဲကိုပြေးဆင်းကာ ဇေး လက်ကို ဆွဲပြီး ခြံထောင့် က နှင်းဆီပန်းတွေကို ပြလာ၏။

ဇေး ကြည့်လိုက်တော့ နှင်းဆီပင်ပေါက်ကလေး နှစ်ပင်က ပန်းအိုးတစ်ခု ထဲမှာ ။
ရေမလောင်းတာ ကြာ၍ ထင်သည် အနည်းငယ်ပင် ခြောက်သွေ့လို့နေ၏။

" အသေးလေးက နှင်းဆီ ပန်းတွေစိုက်ချင်လို့လား  "

" ဟုတ် အရမ်းကြိုက်တာ နှင်းဆီ နီနီ ရဲရဲ လေးတွေ တစ်ခင်းလောက်အပြည့်လိုချင်တယ် ဉီးဇေး ။"

" အဟက် ဖြစ်စေရမယ် ...ဟုတ်ပြီလား"

" ရေး!! ဉီးဇေး ကို အာ့ကြောင့် ချစ်နေရတာ "

နေအပူဒဏ်ကို အံတုကာ စိုက်ခင်းထဲကိုသွားခဲ့ရ၍ အက်ျီ တစ်ထည်လုံးနီးပါး ချွေးစို့နေသော ဇေး ရင်ခွင်ထဲသို့ ဖြူဖြူဖွေးဖွေး နှင်းဆီပေါက်ကလေး ဝင်လာသည်မို့

" ကို့ ကိုယ်မှာ ချွေးတွေနဲ့ အသေးလေးရဲ့ အသေးလေး ကိုယ်ပေါ်မှာ အနံ့တွေ စွဲကုန်မှာပေါ့ "

" မနံပါဘူး နည်းနည်းလေးမှ မနံဘူး "

" အဟား ချစ်စရာလေးပါလား "

ဇေး မှ သူမခေါင်းလေးအား အသာအယာပုတ်ပေးလိုက်လျှင်...မျက်လုံးလေးစုံမှိတ်ကာ ပြုံးပြီး ချွေးစိုနေတဲ့ ဇေး၏ ရင်ခွင်နန်းတော်အတွင်းသို့ ခေါင်းလေး တိုးဝင်ကာ ချွဲတော့သည်။

လီလီ  က အိမ်ထဲမှာ ချက်ပြုတ်နေတာမို့ ဒီကလေးဟာ သူအလာကို အပေါ်ထပ်တစ်နေရာမှ ထိုင်ကြည့်နေကာ သူလာတာနဲ့အပြေးလေး ရောက်လာတာ ဖြစ်ပါလိမ့်မည်။ ဒီကလေး အဖော် ရအောင် သူတစ်ခုခု လုပ်ပေးမှဖြစ်မှာပါ။

===

" အီ အီ"

ရိုစီ တစ်ယောက်ထဲ ခြံထဲမှာ လမ်းလျှောက်နေတုန်း တအီအီ နဲ့ အသံကြားလိုက်ရတာကြောင့်...ဟိုရှာ ဒီရှာ နဲ့ လိုက်ရှာမိတော့ ခြံ ထောင့် တစ်နေရာက စံပယ်ရုံ ကလေး က ဖြစ်၏။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now