part30[uni/zawgyi]

3.6K 153 22
                                    

အသေးလေးက ငါ့အပိုင် ⚜️
She is mine

(အပိုင်း ၃၀)

သတင်းကျွတ်ကျောင်းပိတ်ရက်များပြီးဆုံးခဲ့ပြီးသည့်နောက် ...ကျောင်းသား ကျောင်းသူတွေဟာ ကျောင်းတော်ကြီး ရှိရာသို့ အသီးသီးချီတက်လာခဲ့ကြပြီဖြစ်သည်။
ထိုထဲ မှာ ရိုစီထိုက်တန်ဆိုသော သူမဟာလဲ အပါအဝင်ပင်။
ဉီးဇေး ...ဟာ ကျောင်း အပိုအကြို့ကို ကိုကို ဝေဟင် နဲ့ လွှဲပေးလိုက်တာကြောင့်
ရိုစီ့မှာ ...ဉီးဇေး အား တွေ့ရမယ့် အချိန်ပင်နည်း လာခဲ့သည်။ သူမသိပါတယ်။ ဉီးဇေးက သူမကို မမြင်ချင်တော့မှန်း  ရိုစီ ဟာ ကောင်းကောင်းကို သိပါ၏။

" ဟေ့ ရိုစီ။ "

" စည်သူအောင်နဲ့ မေဇင် ပါလား။"

လက်တွဲကာ သူမ ရှိရာဆီသို့ လျှောက်လာသူနှစ်ယောက်ကြောင့် ကြောင်ပြီးငေးကြည့်နေမိတုန်းမှာပဲ စည်သူအောင်က အရင်ပြုံးလာပြီး

" ငါနဲ့ မေဇင် နဲ့ ချစ်သူတွေဖြစ်နေကြပြီ။"

"ဂုဏ်ယူပါတယ်။ "

" နင့်ကို ငါတို့က ကျေးဇူးတင်နေတာ။ နင်ကျောင်းမတက်တဲ့ နေ့က ...မေဇင့် ဆီက စာအုပ်ငှားရင်းနဲ့  ရင်းနှီးပြီး  တွဲဖြစ်သွားတာ။"

သူတို့ပြောတာတွေကို ဂရုတစိုက်နားထောင်ပေးရင်း ...ခုထိချစ်ကြည်နူးနေကြတဲ့ အတွဲလေး အား နှုတ်ဆက်ကာ လေးကန်သော ခြေလှမ်းတို့ဖြင့် ရှေ့ဆက်မိ၏။

အတွဲတွေမြင်တိုင်း။ ကိုယ် သဘောကျတဲ့ လူကိုမြင်ယောင်ရင်းစိတ်ကူးယျဉ်တတ်တဲ့ အရွယ်လေးမှာ .. သူမဟာ အသဲကွဲတဲ့ ဝေဒနာကို ခံစားနေရပြီ။ ဘယ်သူ့ ဘယ်သူကိုမှ အပြစ်မတင်သလို ချစ်မိခဲ့တဲ့ သူမ၏ နှလုံးသားကိုလဲ အပြစ်မဆိုရက်ပါ။
အချစ်မှာ အပြစ်မရှိ သလို ...ချစ်မိနေတဲ့သူမ မှာလဲ အပြစ်မရှိ။ ထိုနည်းတူစွာ ပြန်မချစ်နိုင်သော ဉီးဇေး မှာလဲ အပြစ်ဟူ၍ မြူတစ်မှုန်စာမျှပင်မရှိပါ။

ဘာရယ််မဟုတ်ဘဲ ကောင်းကင်ကို မော့ကြည့်ဖြစ်သွားတော့ ...တိမ်စိုင်ဖြူတို့အား ဟိုတစ်စု ဒီတစ်စု ဖြင့် ...တွေ့လိုက်ရ၏။ ထို့အတူ ပင် ...ထိုတိမ်စိုင်တို့ ထက်၌ ချစ်ရသော ဉီးဇေး ၏ မျက်နှာကို ပါမြင်လိုက်ရသေးသည်။ အချစ်သည် ဤ မျှ ဆန်းကြယ်ပေစွ။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now