part5[zawgyi/uni]

3.8K 142 30
                                    

အသေးလေး က ငါ့အပိုင် ⚜️

She is mine

(အပိုင်း ၅)

" ဟက် ...လိုက်လဲ လိုက်တဲ့ နှစ်ယောက် တစ်ယောက် က ခိုးတယ် တစ်ယောက် က သူခိုးအားပေးလုပ်တယ် ။ "

" မင်း စကားတွေ တရားလွန်လာပြီနော်"

" လွန်တော့ ခင်ဗျားက ဘာဖြစ်ချင်လဲ"

" မင်း သိထားဖို့ တစ်ခုတော့ ပြောလိုက်မယ် ကို့လူ ....မင်းခု ပိုင်နက်ကျူးကျော်နေတာကိုရော သိရဲ့လား ။ ငါမင်းကို ပိုင်နက်ကျူးကျော်မှု နဲ့ တရားစွဲလို့ ရတယ်နော်။"

ထိုအခါမှ ကိုယ့်အခြေအနေကို ကိုယ်သတိထားမိတဲ့   ထိုကောင်လေးရဲ့ မျက်နှာထားက တစ်ထစ်လျှော့ ချသွားကာ

" ဉီးလေး တို့ တရားစွဲစရာမလိုပါဘူး ..ကျွန်တော့ ကို ငွေ ၁၀ သိန်းပေးရင်ကျေနပ်ပေးမယ်။ နှစ်ဖက်စလုံး အဆင်ပြေသွားတာပေါ့ "

" ၁၀သိန်းလောက် က အသေးလေးဝတ်တဲ့ အက်ျီလောက်တောင် တန်ဖိုးမရှိဘူး ကို့လူ ငါမင်းကို သိန်း ၃၀  ပေးမယ် ပြီးတော့ ငါရှေ့မှာ ရော အသေးလေးရှေ့မှာပါ ထပ်ပေါ်မလာစေနဲ့  ကုန်ကုန်ပြောမယ် ဒီမြို့မှာ ပါမင်းကို မတွေ့ချင်တော့ဘူး။ "

" ဟုတ်ကဲ့ အစ်ကိုကြီး ကျွန်တော်ချက်ချင်း ထွက်သွားပါ့မယ်ဗျာ။"

ဇေး ထိုကောင်လေး၏ နား အနားသို့ကပ်ကာ ပြောလိုက်ခြင်းဖြစ်သည်။ အသေးလေးကို ဒီမြို့မှာ ပျော်စေချင်တာကြောင့် အသေးလေး အတွက်အနှောင့် အယှက်ဖြစ်လာမယ့် အရာမှန်သမျှကို သူက ရှင်းပစ်ရမည်။

တစ်ဖက်က ရိုစီ့ မှာလဲ ချက်ချင်းပြေလည်သွားတဲ့ အခြေအနေ က အံ့သြစရာကြီးမို့...ဂျက်ဆီ့ ကို ဖက်ထားရင်းမှ နှစ်ယောက်စလုံးကို ကြောင်ကြောင်လေးငေးကြည့်နေမိချိန်...ဉီးဇေး က ထိုအစ်ကိုကြီးလက်ထဲကို ချက်လက်မှတ်တစ်ခုပေးလိုက်တာတွေ့ရ၏။

" တောင်းပန်သွား"

" ဗျာ"

"  မင်းသူခိုးလို့ စွပ်စွဲခဲ့တဲ့  ဟိုကလေးကို ဒူးထောက်ပြီး တောင်းပန်သွား ။ "

ပိုက်ဆံရပြီးတာနဲ့ ထွက်သွားဖို့ပြင်နေတဲ့ ကောင်လေး ကို ပြောလိုက်သည့် စကားပင်။ သူ့ အသေးလေးကို ဒီလောက်တောင် စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်သွားတာ ထိုက်တန်သလောက်တော့ ပေးဆပ်ရမှာပေါ့။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now