part14[zawgyi/uni]

2.6K 150 16
                                    

အသေးလေးကငါ့အပိုင်⚜️

She is mine

(အပိုင်း ၁၄)

" ကိုဇေး ...ကျွန်တော်စုံစမ်းထားသလောက်ဆိုရင် တရားခံက ကျားကြီးအပြင် နောက်ထပ် မရှိဘူးလို့ သိရပါတယ်ကိုဇေး။"

" နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ သူမရှိဘူးလို့ မင်းက ထင်တာလား။ "

" အဲ့လို တော့ မဟုတ်ပင်မယ့် ခုထိ မသိရသေးပါဘူးဗျာ့...ကျားကြီးဆိုတဲ့ကောင်က ခု ကျွန်တော်တို့ ကိုစုံစမ်းတာကို ရိပ်မိနေလောက်ပြီ ကိုဇေး ဒီတော့ ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ။"

" နဂါးမှန်း သိအောင်အမောက်ထောင်ပြရတာပေါ့ကွာ။"

" ကျွန်တော် သိပ်နားမလည်ဘူးကိုဇေး။"

" ငါတို့ ဒီနေ့ပဲ ခြံထဲကို သရုပ်မှန်နဲ့သွားမယ် မင်းမနေ့က ...ဗီဒီရို ရိုက်ထားတာတွေ ရော မိန်းမတွေပြောတာတွေကို အသံသွင်းထားတာတွေပါယူခဲ့။"

" ဟုတ်ကဲ့။"

ဝေဟင်ကိုမှာစရာ ရှိတာတွေမှာပြီး စိုက်ခင်းထဲက သူနားရာ နေရာမှာ ထိုင်ပြီး..ဟိုတစ်ခေါက်က fariy land in kalawမှာ သူကိုယ်တိုင်ရိုက်ပေးထားတဲ့ အသေးလေးရဲ့ ပုံလေးတွေကို တစ်ပုံချင်းစီထောက်ကြည့်နေမိ၏။

တစ်မနက်လုံး ပင်ပန်းပြီးမကြည်လင်ခဲ့သော စိတ်တို့ဟာ...ဒီကလေး ရဲ့မျက်နှာလေးဖြစ်ဖြစ် အရိပ်ကလေးဖြစ်ဖြစ်မြင်ရယုံနဲ့တင်ပြေပျောက်သွားတာကထူးဆန်းတာ ရယ်။

အသေးလေးဟာ သူ့အတွက် အဖိုးမဖြတ်နိုင်သလို ....။ဘယ်တော့မှလဲ ...လက်မလွှတ်နိုင်တဲ့ ဖြစ်တည်မှုလေးပါ။အသေးလေးကို သူတစ်ကယ်ချစ်မြတ်နိုးရပါသည်လေ။

===

" မုန့် တစ်ထုပ် မှ ငါးဆယ်နော် ။"

ရိုစီ၏ အတန်းထဲ ဈေးဆိုင်လေးဟာ ...ချို့တဲ့ သူတွေ အဖို့ များစွာ အထောက်အကူဖြစ်ခဲ့သလို အတန်း အတွက်ရန်ပုံငွေလဲ လုံလောက်စွာရခဲ့သည်။ ထိုရန်ပုံငွေကလဲ ...နှစ်ကုန် လို့ စာမေးပွဲဖြေအပြီး တွင်ဆရာမတွေကို ကန်တော့မည် ဟု ရိုစီ က ရည်ရွယ်ထားလေသည်။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now