part2[zawgyi/uni]

6K 190 20
                                    

အသေးလေးက ငါ့အပိုင် ⚜️
[she is mine ]

(အပိုင်း ၂)

ဇေး ရင်ခွင်ထဲ၌ အိပ်ပျော်သွားခဲ့သော အသေးလေး သည် မနက် ကျတော့ ဇေး ရဲ့ ပေါင်ထက် ခေါင်း အုံးလျက်အနေအထားဖြင့်အိပ်နေရှာ၏။

ကို့ ကလေးငယ် က အဲ့လို အအိပ်ဆော့တတ်တာ။

ဇေး သူမကိုယ်လေးကို ရင်ခွင်ထဲသို့ နေရာပြန်ရွှေ့လိုက်သည် အထိ နိုးမလာသူ အသေးလေးပင်။

" အသေးလေး ကလေးလေးထတော့လေ"

" ..."

" ကျောင်းသွားရဉီးမယ်လေ နှင်းဆီပေါက်ကလေးရဲ့ "

သူမ နား အနား တိုးကပ်၍ပြောလိုက်သည့်တိုင်အပျင်းကျောလေးဆန့်ကာ သူ့ရင်ခွင်၌ ဆက်ခွေနေပြန်၏။ထိုကလေး ငယ်အားနှိုးဖို့ရန် သူမတတ်သာ။ သို့သော်ကျောင်း မတက်၍လဲ မဖြစ်သည် မို့ ထိုကလေး အား နှိုးရပေဉီးမည်။

" အသေးလေး ကျောင်းမသွားရင် ဉီးဇေးကို ဆရာမ က  ဆူလိမ့်မယ် အသေးလေးက ဉီးဇေး ကို အဆူ ခံစေချင်တာလား"

" ဉီးဇေး ...သူများ အိပ်နေတာကြီးကို"

" အသေးလေး ..စကားနားထောင်နော်"

" အမှန်တော့လေ ရိုစီက အဲ့လောက်ထိ မအိပ်ချင်ဘူး ဉီးဇေး ရင်ခွင်ကြီးက အရမ်းနွေးတော့ ..ခေါင်းလေး တိုးပြီး ပဲ အိပ်ချင်နေတာ "

ပြောလဲ ပြော ရိုစီ ထိုက်တန်တစ်ယောက်
သူမ ပိုင်ရာ ဉီးဇေး ၏ ရင်ခွင်ကြီးထဲသို့ခေါင်းလေးတိုးဝင်လာပြန်၏။

" တစ် ကနေ သုံး အထိ နံပါတ်စဉ်ခေါ်မယ် အသေးလေး ထရင် ထ မ ထရင်တော့ ...ကို့ အဆိုး မဆိုနဲ့ "

"..."

" တစ်..နှစ်...သုံး"

ရိုစီ့ အပေါ် အမြဲအလျှော့ပေးတတ်သည့် ဉီးဇေး ကို မကြောက်တာကြောင့် သာသာလေးဝင်ခွေအိပ်နေမိပြန်သည်။ သို့သော် ရုတ်တရက် မြောက်တက်သွားတဲ့ခန္ဓာကိုယ်လေး ကြောင့် မျက်လုံးအစုံကို အားယူကာ ဖွင့်ကြည့်လိုက်တော့ ရိုစီ့ တစ်ကိုယ်လုံး ကို ဉီးဇေးက သူ့ပခုံး ကျယ်ကြီးတွေပေါ် ထမ်းတင်ထား၏။

" ဟင့် ချပေး ဉီးဇေး ရိုစီ့ ကို ချပေး"

" ငပျင်းမလေး ကျောင်းမတက်ချင်ဘူး ဟုတ်လား ..."

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now