part19[uni/zawgyi]

2.8K 132 20
                                    

အသေးလေးကငါ့အပိုင်⚜️
She is mine

(အပိုင်း၁၉)

နွေရာသီသည် တဖြေးဖြေးကုန်ဆုံးသွားခဲ့ပြီဖြစ်၍ ကျောင်းတွေပြန်ဖွင့်မည်အချိန်သို့ရောက်လာခဲ့ပေပြီ။
ရိုစီထိုက်တန် တစ်ယောက်လဲ ....ဒီနှစ်စာသင်နှစ်ဟာ အရေးကြီးတာမို့ ...သင်္ကြန်ပြီးထဲက ဉီးဇေး ငှားပေးထားသော ဂိုက်များနှင့် ပညာရေး အတွက်လုံးပန်းနေရ၏။

ဉီးဇေး ဟာလဲ အိမ်မှ စိုက်ခင်း/စိုက်ခင်းမှ အိမ် .. ထိုသို့ ကူးသန်းသွားလာရင်းဖြင့်သာ အချိန်ကုန်ခဲ့ပြီး ...သူမနှင့်ပင် နီးနီးကပ်ကပ် မတွေ့ဖြစ်တာ အချိန်တော်တော်ကြာ ခဲ့ပြီဖြစ်သည်။

မတွေ့ရတာကြာတော့လဲ ...ဉီးဇေးကိုလွမ်းမိသား။ တစ်အိမ်ထဲ အတူတူနေရတာတောင် ဝေးကွာနေသလို ခံစားနေရတာ သူမ အတွက်တော့ အဆင်မပြေပါ။
တစ်ခုခု လိုနေသလိုလို ။ အထီးကျန်သလိုလို ခံစားချက်ကြီးက တစ်ကယ်ပင်နားမလည်နိုင်အောင်ဆိုးရွားလှသည်။

ဘာလို့လဲ။ မျက်နှာလေး မမြင်ရရင်တောင် ဘာလို့ မနေနိုင်အောင် သတိရနေရတာလဲ။ ဉီးဇေး ကို သူမ မသိစိတ်ထဲက တော်တော်လေး ကို စွဲလန်းနေမိတာပါ။

" မတွေ့ရရင် တွေ့ချင်တယ်။
မမြင်ရရင်မြင်ချင်တယ်။သူမရှိရင် တစ်ခုခုလိုနေသလို ခံစားရတယ်။ ကို ပျော်ရင်ဖြစ်ဖြစ် ဝမ်းနည်းရင်ဖြစ်ဖြစ်သူ့ကို အရင်ဆုံးသတိရတယ်။ သူနဲ့တခြား တစ်ယောက်နဲ့ နီးကပ်နေတာကို မကြိုက်ဘူး။ သူနဲ့အရမ်းနီးသွားရင် ရင်ခုန်တယ်။ အဲ့အချက်တွေအားလုံး ပေါင်းလိုက်ရင် ...နင် အဲ့လူကို ချစ်နေလို့ပဲ။ "

အရင်နှီး သူငယ်ချင်း သူဇာထွေး ပြောတဲ့စကားတွေကိုပြန်ကြားရောင်ရင်း..ပုစ္ဆာတစ်ပုဒ်ကို  အဖြေ ရှာနေတဲ့ကလေးတစ်ယောက်ပမာ ရိုစီ့ စိတ်တို့ဟာ ရှုပ်ထွေးနောက်ကျိလျက်။

သူမ ....ဉီးဇေးကို ချစ်နေတာလား။
မချစ်ဘူးလား။
ဉီးဇေးကို ချစ်တာတော့ ချစ်ပင်မယ့် ချစ်သူရည်းစားတစ်ယောက်လို ချစ်ဖို့ အထိတော့တစ်ခါမှ မတွေးခဲ့ပါဘူး။
ခု ကိုယ်ဘာဖြစ်နေလဲတောင် မသိတဲ့ အထိ ရိုစီထိုက်တန်ဟာ ပညာရေးမှာပါရမီပါသလောက် နှလုံးသားရေးရာမှာတော့... ပါ ရမီမရှိဘူးထင်ပါရဲ့။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now