part10[zawgyi/uni]

2.9K 141 14
                                    

အသေးလေးက ငါ့အပိုင်⚜️
She is mine

(အပိုင်း၁၀)

" အသေးလေးက ဆရာမကို မတိုင်ဘူးလား ဉီးဇေး ကို မပြောရင်တောင် ဆရာမကိုတော့ ပြောရမှာပေါ့ "

" ဟင့်..ဆရာမက ရိုစီ့ ကိုယုံမှာ မဟုတ်ဘူး ဉီးဇေး ဟင့် အတန်းထဲက လူအားလုံးက သူ့ဘက်မှာ ကြီးပဲ ဟင့်"

" ....."

" ရိုစီ ကြောက်တယ် ..ဉီးဇေး "

အသေးလေးကြောက်တယ်လို့ပြောကာ သူ့ကို တစ်ခါ ဖက်လိုက်တိုင်း သူ့ကျောပြင်ပေါ်မျက်နှာ အပ်ကာ တစ်ခါ ရှိုက်ငိုလိုက်တိုင်း သူ့ ရင်တွေ အခါခါ ကွဲရပါသည်။

သူ က အသေးလေးကို ဒီမျက်ရည်တွေနဲ့ကင်းဝေးစေချင်တာ။ အသေးလေး ကိုအမြဲပြုံးရွှင်နေစေချင်တာ။ဒါပင်မယ့် ခု အသေးလေးက ။

သူပေါ့ဆတာ။ သူ့ ပေါ့ဆမှူကြောင့် ဒီကလေး ဒီလိုဖြစ်နေရတာ။သူက တော်တော်အသုံးမကျတာပဲ။

" အသေးလေး ကလေး ကို့ မျက်နှာကိုကြည့်ပါဉီး"

အသေးလေးက ဇေး ရင်ခွင်ထဲမှ ထွက်၍ မျက်နှာလေး မော့ကာ ကြည့်လာ၏။
သူ ထို မျက်နှာလုံးလုံးလေးကို အုပ်ကိုင်လိုက်ကာ

" ကို ရှိတယ် ဘာဖြစ်ဖြစ် ဘယ်လိုဖြစ်ဖြစ် ကို ရှိတယ်။ ကိုရှိနေသ၍ အသေးလေးကို ဘယ်သူမှ ဒုက္ခပေးလို့ မရစေ ရဘူး"

ထို စကားကိုပြောတဲ့ အချိန်မှာ ဇေးရဲ့မျက်ဝန်းတွေထဲ၌ ပြတ်သားမှုအပြည့်။

" ဉီးဇေး  ဟင့် ဟင့် "

" မငိုနဲ့တော့နော် အသေးလေး ...ကိုကမှားတာ...ဒီကလေးလေး ကို ပျော်အောင်မထားနိုင်တဲ့ကိုက ပဲမှားတာ။ဂရုမစိုက်မိဘဲပစ်ထားသလို ဖြစ်သွားတဲ့ အတွက်ကို့ အမှားပါ အသေးလေးရယ်။"

မျက်ရည်တွေကို ..လက်ခုံဖြင့်.ခပ်ဖွဖွ သုပ်ပေးလိုက်ကာ ..အသေးလေး နဲ့နှဖူး ချင်းတိုက်ပြီး

" ကို တောင်းပန်တယ်နော်..အရာအားလုံး ကို့အမှား ပါ တောင်းပန်တာမို့  မငိုပါနဲ့တော့ အသေးလေးရယ်"

" ဉီးဇေး မမှားပါဘူး နော် ဟင့် "

အငိုသန်မလေးအား တဖွဖွချော့ရင်း ...နောက်ဆုံးခြေကုန်လက်ပမ်းကျကာ မောပြီး အိပ်ပျော်သွားတော့မှ...ဇေးတစ်ယောက် သက်ပြင်းချနိုင်တော့၏။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now