part12[zawgyi/uni]

2.8K 130 7
                                    


အသေးလေးက ငါ့အပိုင်⚜️
She is mine

(အပိုင်း၁၂)

အသေးလေးဆရာမမှ အသေးလေးဖျား၍ဇေး ကို ခေါ်တာ​ကြောင့် ...ကျောင်းရောက်နေခြင်းပင်ဖြစ်သည်။ ကြား ကြားချင်းတုန်း က သူ့မှာ ဘယ်လောက်တောင်စိတ်ပူလိုက်ရလဲ။ လုပ်သမျှ အလုပ်တွေကို ပစ်ထားပြီး ဒီကို ပြေးလာတာပဲကြည့်လေ။

ထမင်းခြင်းလေးကို ဆွဲရင်း ဆရာမ နားမှာ ခေါင်းလေးငုံ့ကာ ရပ်နေတဲ့ အသေးလေး ကြောင့် သူ့ရင်ထဲ ထိတ်သွားရသည်။

" ကလေးကို ခေါ်သွားလို့ရပြီလားဗျာ့"

" ဟုတ်ရပါပြီရှင့် လက်မှတ်လေး ထိုးပေးသွားဉီးနော် "

" ဟုတ်ကဲ့ ခင်ဗျာ့ "

ဇေး လက်မှတ်ထိုးပြီးသည်နှင့် အသေးလေးလက်ကို ဆွဲကာ ရုံးခန်းထဲက ထွက်ခဲ့၏။

အသေးလေး ၏ လက်ဖဝါး နုနုကလေးမှ တစ်ဆင့် အပူဓာတ်ကို သူခံစားနေရသည်။ ကလေးက ကိုတွေအရမ်းပူနေတာပဲ။

" အသေးလေး လမ်းလျှောက်နိုင်သေးရဲ့လား ဗျာ"

" ဟင့် .... ဖျားနေပြီ "

" မငိုနဲ့လေ ကလေးရဲ့ ကို ကုန်းပိုးမှာပေါ့ကွာ  "

​အသေးလေး လက်ထဲက ထမင်းချိုင့်ကို...ပြောင်းယူလိုက်ကာ..သူမရှေ့ ဒူးထောက်ထိုင်ချပေးလိုက်တော့...သူ့ကျောပေါ်ကို အလွယ်တကူပင်တက်လာတော့သည်။

အသေးလေး ရဲ့ ဝင်သက်ထွက်သက်တွေက အစ ပူနေမှန်း ..သူအခုမှသာ သတိထားမိတော့၏။ ကလေးဟာ တအားဖျားနေတာကို။

မနေ့က တုန်းက ညနေစောင်းကြီးခေါင်းလျှော်တာကို ...ဖျားမှာပေါ့။ဇေး ဒီလောက်တားတာတောင် လုပ်သည့် အသေးလေးမ လေး ခုတော့ ဖျားနေရှာပြီ။

အဲ့တာ လူကြီးစကားကို နားမထောင်ချင်ဉီးလေ။

===

" ဆေး မထိုးချင်ဘူး ..ဟင့် "

"မထိုးလို့ မရဘူးလေ အသေးလေးရဲ့ လိမ္မာနော် လိမ္မာ ရင် ကို က အများကြီးချစ်ပေးမှာ "

" ဟင့် ခုက မချစ်ဘူးပေါ့ ဟင့်..သိလိုက်ရပါပြီ  နေမကောင်းဖြစ်မှ ပဲ ဉီးဇေးကြီးရဲ့ စိတ်ရင်းမှန်ကို သိရတော့တယ် ဟင့် "

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now