part17[uni|zawgyi]

2.7K 145 20
                                    

အသေးလေးက ငါ့အပိုင်⚜️
She is mine

(အပိုင်း ၁၇)

ဇေးဇက်ထင်သော် တစ်ယောက် ..မနက်စောစော အိပ်ရာ က နိုးလာတော့ ...ဘုရားဝတ်တက် လိုက်ကာ အသေးလေးအခန်းဘက်ကူးလာခဲ့သည်။

အသေးလေးဟာ မနိုးသေးတာရယ်ကြောင့် ...သူ နိုးရန် သွားခြင်းပင်။ ဒီကလေးဟာ အသက်ကြီးလေ အိပ်ပုတ်ကလေး ဖြစ်လာလေ ဖြစ်တာကြောင့် သူမနိုးရတဲ့နေ့ဟူ၍ မရှိ။

အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် ..ကုတင်ပေါ်မှာ ကွေးနေအောင် အိပ်ပျော်နေသော အသေးလေးကြောင့် နှုတ်ခမ်းပါးတို့ ဟာ လှပ စွာ တွန့်ချိုးသွားခဲ့ပြီး ..အရင်ဆုံး....လိုက်ကာ စလေးကို နည်းနည်းဟကာ ရန်စလိုက်၏။

နေရောင် ခြည် နည်းနည်း ကျရောက်နေပြီဖြစ်တာရယ်ကြောင့် ...အသေးလေး၏ မျက်နှာလေး ပေါ်သို့ နေရောင်ဟာ ကွက်ခနဲကျရောက်သွားတော့သည်။

" ဉီးဇေး။ "

" ထတော့ ကို့ အသေးလေး ။"

" မထချင်သေးဘူး ။ "

" ရတယ်လေ။ "

ဇေး ညစ်ကျယ်ကျယ် တစ်ချက်ပြုံးလိုက်ပြီး မွေ့ယာပေါ်သို့ ခပ်ဖြည်းဖြည်းတက်လိုက်ကာ...ခါးလေးပေါ်သို့ လက်ညှိုးလေးတင်ကာ ..လှုပ်ရှားလိုက်တော့ အသေးလေးဟာ ကော့ပြန်နေအောင် ရုန်းတော့၏။

အသေးလေးဟာ ယားတတ်လွန်းတာရယ်ကြောင့် သူကလိ ထိုးရင် မထဘဲမနေနိုင်လေ။
ခုလဲ လူးလဲ ပြီးထလာပြီဖြစ်သော်ငြားလဲမျက်လုံးကမပွင့်။

ဇေး ထိစပ်လုနီးပါးဖြစ်နေတဲ့ အသေးလေး၏ မျက်ခုံး နှစ်ဖက် ကို လက်မဖြင့်တစ်လှည့် ဆီ ပွတ်ပေးရင်း..။

" ကို တို့ ရဲ့ နှင်းဆီ တွေ ပွင့်နေပြီကလေးရဲ့။ ဒီနေ့ ကို ပြင်သစ်က နှင်းဆီမျိုးတွေမှာထားသေးတယ်။ ကိုနဲ့အတူ မနက်စာ စားပြီးရင် ခြံထဲမှာ ပန်းတွေ သွားကြည့်ရအောင်။ "

" အင်း။"

ပျင်းရိ ပျင်းတွဲလေးဖြစ်နေတဲ့ အသေးလေးကို ...သူ့ ကောက်ပွေ့လိုက်ပြီး...ရေချိူးခန်းထဲထိ ခေါ်သွားကာ မျက်နှာသစ်စင်ရှေ့တွင် မတ်တပ်ရပ်စေသည်။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now