part32[uni/zawgyi]

3.5K 161 23
                                    

အသေးလေးက ငါ့အပိုင်⚜️
SHE IS MINE
(အပိုင်း ၃၂)

" ဉီး"

သူ  မျက်ရည်ကြည်တွေလဲ့နေတဲ့ မျက်ဝန်းတွေကို ...မြတ်နိုးတပ်မက်စွာ ကြည့်လိုက်ပြီး 

" အင်း ကိုက မင်းရဲ့ တစ်ဉီးတည်းသော 'ဉီး´ပဲ သဲငယ်။ "

" ...."

" အသေးလေး ကလေး ...သဲငယ်လေး!! "

ရုတ်တရုတ် မေ့လဲကျသွားသည့် အသေးလေး  အား..ကောက်ပွေ့ကာ အိမ်ထဲကို ပြေးရသည်။ နှစ်ယောက်လုံး မိုးရေတွေ ရွှဲနေပြီမို့ ...အဝတ်တွေ အရင်လဲ ဖို့ လုပ်တော့ ဇေး မှာ ...အသေးလေး ကို အဝတ်လဲ ဖို့ ရာကျ အခက်တွေ့နေပင်မယ့်....ဒီကလေး  ဟာ ဒီထပ် ပိုပြီး ကြာကြာ ထားရင် ဖျားသွားနိုင်သည် မို့  ....သူမအဝတ် ဗီရိုထဲမှ ...အတွင်းဝတ် နဲ့ ဂါဝန် တစ်ထည်ကို ထုတ်ကာ ...သူ မအနား ချဉ်းကပ်လာခဲ့၏။

သူမကိုယ်ပေါ် က အဝတ် အားလုံး ကို ခပ်မြန်မြန်ပဲ ဖယ်ရှားလိုက်ပြီး ...အတွင်းဝတ်က အစ  သူ့မှာ မျက်နှာပူပူဖြင့် လဲလှယ်ကာ အပေါ်မှာ ဂါဝန်လေး ဝတ်ပေးလိုက်သည်။ သူမကိုယ်လေးကို ကုတင်ပေါ်တင်ပေးပြီး ရင်ညွန့်အထိ ဆောင်ကို ဆွဲခြုံပေးကာ ...သူလဲ အဝတ်လဲရန် ကိုယ့် အခန်းကိုယ်ပြန်ရသည်။

သူ အဝတ်လဲပြီး ပြန်ဝင်လာတော့ သဲငယ်ဟာ ဆောင်ထဲမှာ ကွေးကွေး လေး အိပ်လို့နေ၏။  နှဖူးလေးပေါ် လက်တင်ကာ စမ်းကြည့် တော့ အနည်းငယ် ပူနေတာကြောင့် ... အေးစက်နေတဲ့ သူမလက်ကလေးကို သာ သူ့လက်တွေကြား အသာအယာ ထွေးပွေ့ထားလိုက်သည်။

ချစ်ရသူ၏ အဆိုးရွားဆုံး စိတ်အခြေအနေကို တွေ့ ခဲ့ရသည့် အချိန်၌ သူ့နှလုံးသားဟာ သူ့ စကားကို နားမထောင်ခဲ့ပါ။ ရင်ထဲက အချစ်တွေ ဟာ ထိန်းချုပ်ထားရတာကြာပြီမို့ ထင်၏။ချက်ခြင်းပင် ပွင့်အန်ကြလာတော့သည်။  သူ့ခန္ဓာကိုယ်ရော စိတ်ကိုရော ...အခုချိန်မှာ အချစ်စိတ်ဟာ လွှမ်းခြုံသွားခဲ့လေပြီ။

" ဉီး "

" ကို ရှိတယ် ...အသေးလေးအနားမှာ ကို အမြဲရှိတယ်။ "

အိပ်ရင်း ထယောင် တတ်တဲ့ နာမ်စားလေးက အစ သူ့ကို ရည်ညွှန်းနေတာမို့ အလိုလိုပြုံး မိသွားရသည်။ ဒီကလေးဟာ အိပ်မက်တွေ အထိ သူ့ကို စွဲလန်းနေတာပဲ။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now