part20[uni/zawgyi]

2.8K 145 22
                                    

အသေးလေး ကငါ့အပိုင်⚜️
She is mine

(အပိုင်း ၂၀)

"အိမ်ပြန်လမ်းလဲ မဟုတ်ဘူး။"

ဉီးဇေးက ဘယ်ကိုမောင်းလို့ မောင်းနေမှန်းမသိတာကြောင့် ..ရိုစီ အလန့်တကြားမေးလိုက်မိသည်။

ဒါတောင် ဒီလူကြီး မဖြေ ပြုံးတောင်ပြုံးနေသေးသည်။

ဘာလဲ ။ ဒီလူကြီးဘယ်ကိုသွားနေတာလဲ။

"ကို့ စိုက်ခင်း ကို ပြချင်လို့ပါ အသေးလေးရဲ့။ စပျစ်သီးတွေ သီး နေပြီဆိုတော့ ...အသေးလေး စားချင်မလားလို့လေ။"

" ရိုစီ ကျူရှင်ရှိသေးတယ်။ "

" တစ်နေ့ တစ်လေ ဖျက်လိုက်လို့ရတာပဲ။
အသေးလေးက စာတွေ အကုန်ရနေပြီမဟုတ်ဘူးလား။"

" ဉီးဇေး !! "

ဉီးဇေး က ဘာလဲ ဆိုတဲ့ သဘောနဲ့ မျက်ခုံးတစ်ချက်ပင့်ပြကာ...ကားကို ပြန်ပြီး ..အာရုံစိုက်မောင်းနေ၏။ ရိုစီ့မှာ သာ ထိုင်ရမလို ထရမလိုနှင့် ...ဖင်တကြွကြွဖြစ်နေသည်။

" အဟင့် ...အိမ်ပြန်ချင်တယ် ဟင့်"

ရုတ်တရက် ထငိုချလိုက်တဲ့ အသေးလေးကြောင့် ဇေး မှာ ပြာပြာသလဲလဲ ဖြစ်သွားရသလို ကားကိုလဲ လမ်းဘေးတစ်နေရာမှာထိုးရပ်ပစ်လိုက်ရသည်။
ဒီကလေး ငိုရင်ကို သူ့ရင်တွေ ပူလောင်နေရတာပါ။

" မငိုနဲ့လေ ...အသေးလေးရဲ့ ကိုက အသေးလေးကို ပျော်စေချင်လို့ပါ ..ကိုကြောင့် အသေးလေး က စိတ်ညစ်နေရတာမျိုး...စိတ်အနှောက်အယှက်ဖြစ်နေရတာမျိူး ကို တစ်ကယ် မလိုချင်လို့ပါ "

" ဟင့်"

" ကို ဘာလုပ်ပေးရမလဲ ပြော အသေးလေးကျေနပ်အောင် ကို  အကုန်လုပ်ပေးပါ့မယ် မငိုနဲ့တော့နော်။"

" မမြင်ချင်ဘူး ဟင့် ..."

" ဟုတ်ပြီ ကို့ ကို အသေးလေး မမြင်စေရဘူး မမြင်ရအောင်လို့ ...အိမ်မှာ တိတ်တိတ်လေးနေပေးမယ် ...အသေးလေးနဲ့ မတွေ့အောင် ရှောင်ပေးမယ်။"

​အသေးလေး ရှေ့မှာ မပေါ်လာဘဲ အသေးလေး နောက်ကွယ်ကနေ  အမြဲအရိပ်တကြည့်ကြည့်နေရန်သာ ဇေး ရွေးခြယ်ရပြန်၏။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now