part8[zawgyi/uni]

3.2K 160 19
                                    

အသေးလေးက ငါ့အပိုင်⚜️
She is mine

(အပိုင်း ၈)

"  အသေးလေး...ကလေးရေ "

ဇေး  နေ့ခင်းဘက် ထမင်းစားဖို့ အိမ်ကိုပြန်ရောက်လာတဲ့ အခါ အသေးလေးက ရှိမနေ။ ခြံထဲမှာလဲ ရှိမနေ သလို အိမ်ထဲမှာလဲ ရှိမနေ။

လီလီ့ ကို မေးကြည့်မှ အဖြေမှန်ရတော့၏။ သူ့အသေးလေး ကို ဟိန်းကမ္ဘာကျော်တို့ အိမ်က လာခေါ်သွားတာတဲ့လေ။

ထမင်းပင်မစား နိုင်တော့ဘဲ ကားသော့ကို ယူကာ ...ဉီးကမ္ဘာ​စိုး၏ အိမ်သို့ သူလိုက်ခဲ့ရသည်။
အသေးလေး ဟာ တစ်ခါမှ သူစိမ်းအိမ်ကို မသွားဘူးတာကြောင့် ဒီကလေး ကို သူစိုးရိမ်နေရတာ။

ကားကိုခြံရှေ့မှာ ရပ်ကာ ဟွန်းတီးလိုက်သည်နှင့် ခြံအတွင်းသို့ ကားကို အသားကုန် မောင်းလာခဲ့သည်။

" ကိုကို ရေ မိအောင်ဖမ်းနော် "

" နှင်းဆီလေးက အရမ်းမြန်တာကို "

သူ့စိတ်ပူမှုတွေ နဲ့ ဆန့်ကျင်စွာပင် အသေးလေး၏  ရယ်သံလေး ကခြံဝန်းထဲမှ လွင့်ပျံလာ၏။

^သူတို့နှစ်ယောက်​ ကစားနေကြတာလား^

ဘာရယ်ကြောင့်မှန်းမသိ သူမဟုတ်တဲ့ တစ်ခြား ယောက်ျားတစ်ယောက်နဲ့ပျော်နေတဲ့အသေးလေးရဲ့ ပုံစံကို သူလုံးဝမကြိုက်ပါ။ ဒါက ကလေးတစ်ယောက်ဖြစ်နေရင်တောင်မှ သူသဘောမကျဘူး။

အလိုမကျစွာပင်တွန့်ချိုးသွားတဲ့မျက်ခုံးနှစ်ခုက ထိလုမတတ်။

" ဟာ ဉီးဇေး ပဲ "

တော်တော်ကြာမှ ခြံထဲပတ်ပြေးဆော့နေတဲ့ အသေးလေးဟာ ကားbody ကိုမှီပြီးရပ်နေတဲ့ သူ့ကို မြင်တော့သည်။အသေးလေး ရှေ့ရောက်လာတာနဲ့ တွန့်ချိုးနေတဲ့ မျက်ခုံးတွေဟာလဲ ချက်ခြင်းပင်ပြေလျှော့သွားခဲ့ကာ...သူ့ကလေးအား သွက်လက်စွာ ပင်ပွေ့ချီလိုက်၏။

" ပေပေတူးတူးလေး ဖြစ်နေပါလား"

အသေးလေး ၏ ပါးစပ်နား မှာ ပေပွနေတဲ့ ဝေဖာမှုန့် တို့အား လက်ဖြင့် အသာအယာဖယ်ပေးရင်း ပါးဖောင်းဖောင်းလေးတို့အား ရိုးရာမပျက်နမ်းရှိုက်မိ၏။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now