part25[uni/zawgyi]

2.9K 150 16
                                    

အသေးလေးကငါ့အပိုင်⚜️
She is mine

(အပိုင်း ၂၅ )

" ရိုစီ ထိုက်တန် ...ခဏ ရပ်ပါဉီး"

ကျောင်း အဝကို ခပ်ဖြေးဖြေးနဲ့ မှန်မှန် လမ်းလျှောက်သွားနေတုန်း ...စည်သူအောင်က အနားကပ်လျှောက်လာကာ စကားလာပြောသည်မို့ ..ရိုစီ နှာခေါင်းလေး မသိမသာ ရှုံ့သွားရ၏။

" နင်က အရမ်းမြန်တာပဲ။ "

" ဘာပြောမလို့လဲ။ "

" နင် ကစာတော်တော့လေ ...ငါ့ကိုသချ်ာ note လေးများ ငှားနိုင်မလားလို့ပါ ..ငါက သချ်ာ ညံ့တယ်လေ .."

" နင့်လို ရည်းစားထားဖို့ပဲ သိတဲ့လူက ..စာလုပ်မယ် ဟုတ်လား။"

" ဟုတ်တယ်လေ ...ဘာဖြစ်လို့လဲ
ငါ့လို လူက ​ကော စာမလုပ်ရတော့ဘူးလား။"

ရိုစီ့ စကားလွန်သွားမှန်းသိတာနဲ့ အတူ ညှိုးကျသွားတဲ့ စည်သူအောင်  မျက်နှာကြောင့် စိတ်မကောင်းဖြစ်သွားရသည်။

" ငါတောင်းပန်ပါတယ်နော်...ငါက အဲ့လိုသဘောမျိုးပြောတာ မဟုတ်ပါဘူး."

" အိုကေ ...ရတယ်  ဒီကကောင်ချောလေး ကဗွေ မယူပါဘူးနော် "

မျက်စိ တစ်ဖက်မှိတ်ပြီး လျှာထုတ်ကာပြောင်ပြနေတဲ့ စည်သူအောင်က တစ်ကယ်ပင် အဆင်ပြေပုံရ၏။

" မနက်ဖြန်မှ ငှားရင်ရော အဆင်ပြေတယ် မလား။"

" အင်း ပြေတယ် သွားပြီနော် ရိုစီထိုက်တန် bye"

" အင်း bye "

" အသေးလေး "

တဖြည်းဖြည်းနဲ့ စကားပြောပြီး လျှောက်လာတာ...ကျောင်းခြံပြင် ထိပါရောက်လာပြီ ဖြစ်တဲ့အပြင် ကား body ကို မှီပြီး ရပ်နေတဲ့
ဉီးဇေး ကို မြင်လိုက်ရတာကြောင့် ...စောစောက စည်သူအောင် နဲ့ စကားပြောနေတာကို မြင်သွားမလား ဟူသည့် စိတ်ဖြင့် ...ရိုစီ  မလုံ မလဲ ဖြစ်နေမိသည်။

" ကိုကို ဝေဟင် မလာဘူး လား။"

" သူမအားလို့ ကို လာကြိုတာလေ မကြိုက်လို့လား။ "

"  မဟုတ် ပါဘူးနော် ...ဉီးဇေး လာကြိုတာကို ပိုကြိုက်တာ ဟီး "

မျက်နှာ ချိုသွေးကာ ...ဉီးဇေး ခါးကို ဖက်လိုက်တော့  ဉီးဇေးက ခေါင်းကို ခပ်ဖွဖွ  ပုပ်ပေးရင်း ....

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now