part18[uni/zawgyi]

2.7K 159 20
                                    

အသေးလေးက ငါ့အပိုင်⚜️
She is mine

(အပိုင်း ၁၈)

မနက်မိုးလင်းတော့ သူမ ခန္ဓာကိုယ်လေးအား တစ်စုံတစ်ယောက်မှဖက်တွယ်ထားသလို ခံစားလိုက်ရတာနဲ့အတူ ...ညက အဖြစ်အပျက် အားလုံးဟာ လဲ မျက်လုံးထဲမှာ ပြန်မြင်ရောင်လာ၏။
ညက ဉီးဇေး ရောက်လာခဲ့တာပဲ။

ခု.. ဉီးဇေးရင်ခွင်ထဲမှာ...ရိုစီ က/ ကလေးငယ်တစ်ယောက်လို ရောက်နေခဲ့တာပင်။
ဉီးဇေး ခါးကို  အတင်းဖက်ကာ ရိုစီ ဟာ နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သလို ...ဉီးဇေးဟာလဲ ရိုစီ့ ခန္ဓာကိုယ်လေး တစ်ခုလုံးကိုရင်ခွင်ထဲ ထည့်ကာ အိပ်ပျော်နေလေသည်။

ဒီအခြေအနေကြီးက ငယ်ငယ်တုန်းကသာ အဆင်ပြေပင်မယ့် ခုချိန်မှာတော့  ဒီ အခြေအနေက လုံးဝခအဆင်မပြေတာရယ်ကြောင့် ရိုစီ  ရုန်းလိုက်တော့ ...ဉီးဇေးက မသိမသာ ပြန်ဖက်လိုက်သလိုလိုပင်။

" နိုးပြီလား ..."

" ဟုတ် ...ညက"

" အဟွင်း....အသေးလေးအရမ်းကြောက်နေတယ် ထင်လို့ ကိုလာကြည့်တာလေ ကလေးက အရမ်းကြောက်နေလို့ထင်ပါရဲ့ အိပ်အောင်တောင် မနည်းချော့ယူရတယ်။ "

" အဲ့လောက်ဆိုးလားဟင်။"

" နည်းနည်း"

အသေးလေး ဟာ သူ့ရင်ခွင်ထဲမှာနေရတာ...နေရခက်လို့ ထင်ပါရဲ့ ခပ်ဖြည်းဖြည်းလေးရုန်းနေ၏။ သူ့မှာ တော့ဒီ ကိုယ်လုံး အိအိ လေးကို မလွှတ်ချင်လောက်အောင်ကို ဖက်ထားချင်နေတာ။ဒါကြောင့် နိုးနေလဲ မထဘဲ...ဆက်အိပ်နေတာပေါ့။ ဒါကို ဒီကလေးက ဘာသိပါ့မလဲ။

" ဉီးဇေး အရမ်းပင်ပန်းမှာပဲ နော်။ ရိုစီက ဆိုးတယ်မလား။ "

" ဆိုးနေတာကိုပဲ ကို က သဘောကျတာ "

ရိုစီ့ ရင်ထဲမှာ နွေးကာ လှိုက်ဖိုသွားရသည်။ ခု သူမက ဉီးဇေး ရင်ခွင်ထဲမှာ ရောက်နေတဲ့ အပြင် ...အခုလို စကားတွေပါ ကြားနေရတော့ အပျိုပေါက်ကလေးဖြစ်တဲ့ သူမ ရင်ခုန်မိတာလဲ မမှားပါဘူး။

သူမ အပျိုအရွယ်ရောက်သည် အထိ ရင်းရင်းနှီးနှီး ထိတွေ့ဖူးတဲ့ယောက်ျားက ဉီးဇေး တစ်ယောက်ထဲသာဖြစ်တာ ရယ်ကြောင့် ဉီးဇေး အပေါ်ရင်ခုန်သလို တွယ်လဲတွယ်တာပါတယ်။

အသေးလေးက ငါ့အပိုင် ⚜️[ She is mine]Where stories live. Discover now