Episode 18(Z+U)

3.5K 365 54
                                    

[Zawgyi]
18

"တီချယ်စိမ့် အတန်းမဝင်ဘူးလားမသိဘူး"

သဲလွှာသည် ဝရံတာမှတစ်ဆင့်စိမ့်လာနေကျလမ်းလေးကိုမျှော်ရင်းပြောနေလေ၏။ စိမ့်ကခုလိုနောက်ကျတတ်သူမဟုတ်ပါ။ ပထမဆုံးအချိန်ကို ဝင်ရမည့်ဆရာမကဝင်သွားပြီဖြစ်ပြီး ဒုတိယအချိန်စိမ့်အချိန်မှာ စိမ့်ရောက်မလာ။

အချိန်ဟာအတော်ကျော်နေပြီဖြစ်သည့်တိုင် ကျောင်းသူကျောင်းသားတွေမဆင်းရဲကြသေးပါ။ ရောက်လာလို့ လူမစုံတော့ရင် အမရာစိမ့်ကြိမ်းသေစိတ်ဆိုးမှာသိကြသည်။

၃လနီးပါးသင်လာခဲ့ပြီးဖြစ်၍ ထိုဆရာမနှင့်ထိုတပည့်တွေ အထာသိနေကြပြီ။ သို့သော် ၁၂ထိုးခါနီးတွင်တော့ တောင့်မခံနိုင်ကြတော့ဘဲ အတန်းဆင်းသွားကြလေသည်။

စိမ့် မလာလျှင်မျှော်ငေးနေတတ်သည့် နွေးဟာ ယနေ့ အနည်းငယ်ပြုံးရိပ်သမ်းနေရာ သဲလွှာအံ့ဩသလိုလေးဖြစ်မိသား။

"နွေး တီချယ်စိမ့်မလာတာ နင်ဘယ်လိုမှမနေဘူးလား"

"ဟင့်အင်း နောက်တွေ့ရမှာပဲကို"

နွေး၏အဖြေကိုသဲလွှာသိပ်တော့အမှုမထားမိပါ။ ဟုတ်သားပဲ ဒီနေ့မတွေ့ရလည်း နောက်နေ့တွေ့ရမှာပေါ့။ တကယ်တော့ သဲလွှာတောင် စိမ့်ကိုသံယောဇဉ်တွယ်ချင်နေ၏။ စိမ့်နှင့်သဲလွှာကအတော်အဆင်ပြေသည်။ စာသင်ခန်းထဲအနေတည်သော စိမ့်ဟာ စာသင်ခန်းအပြင်မှာ ကလေးဆန်ပြီးချစ်ဖို့သိပ်ကောင်းလို့ သဲလွှာခင်ပါသည်။

"နွေး နင်လေ တီချယ့်ကိုတကယ်ကြီးကြိုက်မလို့လားဟယ်"

"ကြိုက်တောင်ကြိုက်ပြီးနေပြီလေ"

"တီချယ်ကချစ်ဖို့ကောင်းတယ် ဆရာမလိုချစ်ပါလား နင်လည်းစိတ်ပေါ့ပါးတာပေါ့"

"ငါကတီချယ်စိမ့်ကိုငါ့အနားမှာအမြဲခေါ်ထားမှာ"

နွေး၏အဖြေခိုင်မာနေပေမဲ့ သဲလွှာ သူမသူငယ်ချင်းကိုရသလောက်ဖျောင်းဖျချင်သည်။ ဟိုတလောက ကျောင်းမှာ စိမ့်နဲ့နွေးရဲ့သတင်းတွေထွက်သွားခဲ့သေးတာမဟုတ်လား။ ထိုစဉ်က စိမ့်မျက်နှာလေးနေ့တိုင်းညှိုးပြီးအဆင်မပြေဖြစ်နေတာ သဲလွှာတောင်ရိပ်မိသည်။

စိမ့်(ongoing)Where stories live. Discover now