Episode 12(Z+U)

3.1K 344 22
                                    

[Zawgyi]
12

"သွားတော့မှာလား စိမ့်"

အခန်းထဲဝင်လာရင်းမေးလိုက်သည့်အမေးကြောင့် စိမ့်ဟာနားကပ်လေးတပ်နေရင်းမှန်ထဲမှတစ်ဆင့်အသံလာရာကိုကြည့်လိုက်၏။

ဒေါ်သက်ထားဝေသည် စိမ့်ကိုပြုံးပြီးကြည့်လျက် စိမ့်ပုခုံးလေး၂ဖက်ကိုလာကိုင်သည်။

"လှလိုက်တာ ကြည့်ပါဦး မင်းသမီးလေးလိုပဲ"

ထိုချီးကျူးစကားကိုကြားတော့စိမ့်ဟာ နားကပ်လေးကိုအပြီးသတ်တပ်လိုက်ပြီး နောက်သို့ခေါင်းလေးလှည့်လာ၏။

"မေမေနဲ့တူလို့နေမှာပေါ့"

စိမ့်ထိုကဲ့သို့ပြောလိုက်ချိန် ဒေါ်သက်ထားဝေသည် မျက်နှာမသိမသာပျက်သွားပါသည်။ စိမ့်ဟာအမေနဲ့ထက် အဖေနဲ့ရုပ်ပိုဆင်သည်။ စိမ့်ကတော့မိန်းမဆန်ဆန်လှလှလေးဖြစ်ပြီးပိုချောတာပေါ့။

"မေမေ့သမီးကပိုလှတာပေါ့ အများကြီးလှတာ"

စိမ့်သည်ပါးလေး၂ဖက်မို့တက်သည်ထိပြုံးလိုက်ကာ ခုံမှထားပြီးနောက် သူမဘီရိုထံဦးတည်သွား၏။ ဗီရိုအကန့်တစ်ခုထဲထည့်ထားသော ၁၀လုံးကျော်ရှိသည့် branded နာရီများထဲမှဘာကိုရွေးရမလဲမသိပုံရှိနေသည်။

ထို့ကြောင့် ဒေါ်သက်ထားဝေ စိမ့်ဘေးသွားကာ စိမ့်ဝတ်ထားသောဝမ်းဆက်နှင့်လိုက်ဖက်မည့်နာရီလေးကိုကူရွေးပေးလိုက်သည်။ မိတ်ကပ်ရောင်မြန်မာဝမ်းဆက်လေးနှင့်လိုက်ဖက်မည့် Rolex နာရီလေးကိုဒေါ်သက်ထားဝေ စိမ့်လက်၌ပတ်ပေးလေသည်။

စိမ့် ယနေ့ညပွဲတစ်ခုသွားစရာရှိသည်။ စိမ့်part time လုပ်သော ပုဂ္ဂလိဂဆေးရုံ၏နှစ်ပတ်လည်ပွဲမို့စိမ့်မဖြစ်မနေသွားရမည်။ ဆေးရုံအုပ်ကြီးကလည်းစိမ့်ကိုကြိမ်းသေလာဖို့ပြောသည့်အပြင်ထိုဆေးရုံဟာဦးသောင်းတိုက်ထွန်းရှယ်ယာလည်းပါသည်။

မိတ်ကပ်ရောင်ရင်ဖုံးလက်တိုလေးသည်စိမ့်နှင့်အတော်လိုက်ပါသည်။ ကိုယ်လုံးလှလှလေးကိုမှ ခါးတို fitting ကျကျလေးမို့ခါး၏အလှကိုပိုပေါ်စေသည်။ လည်တိုင်ကျော့တွင်စိန်ဘယက်ခပ်သေးသေးလေးကိုလည်းဖန်စီဆန်စွာဆင်မြန်းထားသလို စိန်တစ်ဆင်စာရတနာတို့ဆင်ထားသဖြင့်အတော်လေးထည်ဝါနေသည်။စိန်ဆံထိုးတစ်ချောင်းတည်းဖြင့်သာအလှဆင်ထုံးဖွဲ့ထားသောဆံထုံးအလှလေးကြောင့်လည်းစိမ့်၏အသွင်အပြင်ကိုပိုမိုကျော့ရှင်းစေပါသည်။

စိမ့်(ongoing)Where stories live. Discover now