[Zawgyi]
10သွေး ကျောင်းသို့ရောက်သွားသောအချိန်သည် ကျောင်းလွှတ်ချိန်နှင့်ကွက်တိကျသည်။ ကျောင်းသူကျောင်းသားများအလျှိုလျှိုထွက်သွားကြသော်လည်း စိမ့်တို့ဆရာမတွေကတော့ထွက်မလာသေးပါ။
၎နာရီထိုးလောက်ကျ သွေး မျှော်လင့်နေသူလေးက လက်ကိုင်အိတ်လေးလက်မှာချိတ်ပြီးကားremote လေးဖွင့်နေ၏။
လက်ကိုင်အိတ်တွင်ချည်ထားသောပုဝါလေးကြောင့်သွေးရင်ထဲကျေနပ်သလို။ သို့ပေမဲ့ ယခုသွေးလာရင်းကိစ္စကိုခေါင်းထဲထည့်လိုက်သည်။
စိမ့်သည်သူမကားလေးကိုကျောင်းဝင်းအပြင်ဘက်မောင်းထွက်သွားတော့မှ သွေးလည်းနောက်ကနေကားဖြင့်အရှိန်မြှင့်ပြီးလိုက်၏။
သိပ်မကြာခင် သွေး၏ကားသည်စိမ့်ကိုမှီသွားရုံမက သွေးကားကို စိမ့်၏ကားရှေ့တွင်ဖြတ်ရပ်လိုက်သည်။
"အမလေး ဘုရား"
ကားအနက်ရောင်တစ်စီးသည်ရုတ်တရပ်သူမ၏ကားရှေ့ဖြတ်ရပ်လိုက်သဖြင့်စိမ့်ရင်ဘက်ပါဖိမိသည်။ ဒီကားအနက်။ စိမ့်မြင်ဖူးပေမဲ့သိပ်မမှတ်မိတော့ပါ။ တွေးလို့တောင်မဆုံးသေး ရောင်လျှံသွေးသည်ကားပေါ်မှဆင်းလာကာစိမ့်၏ကားတံခါးကိုလာခေါက်သည်။
"ရှင် ဘာလုပ်တာလဲ"
စိမ့်မှန်တံခါးလေးချပြီးပြောတော့ သွေးကစိမ့်၏ကားတံခါးကိုဖွင့်လေ၏။
"ရောင်လျှံသွေး ရှင်ဒါ.."
"ဆင်းခဲ့"
"ဘာလို့ဆင်းရမှာလဲ"
"ပြောစရာရှိတယ်"
"ရှင် ခိုင်းတိုင်းကျွန်မကဆင်းစရာလား"
စိမ့်တို့တစ်ယောက်တစ်ခွန်းစကားနိုင်လုနေစဉ် နောက်ကားများကဟွန်းတီးကြ၏။ စိမ့်တို့၂ယောက်ရဲ့ကား၂စီးကလမ်းပိတ်ထားသလိုဖြစ်နေသည်။
"ဒေါက်တာအမရာစိမ့်မဆင်းရင် သွေးကားကိုပိတ်ရပ်ထားမှာ"
"ရှင်ပိုင်တဲ့လမ်းထင်နေလား"
"ဒီအသေးလေးစကားများလိုက်တာ"
ရုတ်တရပ်အသေးလေးလို့ခေါ်ခံလိုက်ရ၍ စိမ့်အူစစလေးဖြစ်သွားသည်။ အူကြောင်ကြောင်ရုပ်ကလေးသာမကမျက်နှာလေးလည်းအနည်းငယ်ဆူသွားသဖြင့်သွေးရယ်ချင်လိုက်တာ။ သွေးသည် စိမ့်၏လက်ကိုပိုင်စိုးပိုင်နင်းဆွဲကာသူမကားပေါ်ခေါ်သွားလေသည်။ သွေးကအားသန်သဖြင့်စိမ့်မရုန်းနိုင်ခဲ့။