[Zawgyi]
15သူမရင်ခွင်ထဲမှရုန်းထွက်နေသည့်စိမ့်ကြောင့် သွေး စိမ့်ကိုပွေ့ဖက်ထားသည့်လက်အစုံအားဖြေလျှော့ပေးလိုက်သည်။
ရုတ်တရပ်စိတ်မထိန်းနိုင်ဘဲဖက်မိသွားပြီးမှသွေးနည်းနည်းတော့လန့်သလိုရှိသွား၏။ စိမ့် စိတ်ဆိုးသွားရင်ဒုက္ခ။
ထိုအတွေးဖြင့်စိမ့်ကိုကြည့်လိုက်ချိန် စိမ့်ဟာမျက်နှာလေးနီနေသည်။ ဒေါသကြောင့်နီသည့်အနီမဟုတ်ဘဲ ရှက်စိတ်ကြောင့်နီနေခြင်းဖြစ်၏။သို့ရာ သွေးဘက်ကပင်စကားပြန်စဖို့ဆုံးဖြတ်လိုက်သည်။
"အဟမ်း"
ချောင်းဟန့်သံကြောင့်စိမ့်သည်သွေးဘက်သို့အကြည့်လေးမသိမသာပြန်လှည့်လာ၏။ စိမ့်ရင်ထဲခုထိဝုန်းဒိုင်းကြဲနေဆဲ။ ဗြုန်းစားကြီးအဖက်ခံလိုက်ရတာမို့ရင်တုန်ပမ်းတုန်တောင်ဖြစ်ရသည်။သို့သော် စိမ့် စိတ်တော့မဆိုးမိပါ။
"သွေးခေါ်မှန်းဒေါက်တာအမရာစိမ့်ဘယ်လိုသိလဲ"
"အဲ့လိုဇွတ်ကျတတ်တာရှင်တစ်ယောက်ပဲရှိတယ်"
စိမ့်၏အဖြေကိုကြားတော့ သွေးရယ်မိသည်။ သူမအမူအကျင့်တွေကိုစိမ့်တောင်အလွတ်ရနေပြီပဲ။ နေမကောင်းတာတောင် သူမခေါ်လို့လာတယ်ဆိုတော့...သွေးအတွေးလွန်ပြီးပျော်နေရပါ၏။
"ညအိပ်မပျော်တာများလာရင် ဒီဆေးသောက်အိပ်ပါ ကျွန်မရေးပေးထားတယ်"
စိမ့်သည်ဆေးစာအုပ်လေးကိုသွေးထံကမ်းပေးရင်းပြောလိုက်သဖြင့်သွေး၏အတွေးပျောက်သွားရသည်။
စိမ့်နေမကောင်းတာကိုခေါ်မိလို့သွေးစိတ်ထဲသိပ်မကောင်း။အပြစ်ရှိသလိုခံစားရသည်။စိမ့်အတွက်တစ်ခုခုပြန်လုပ်ပေးချင်သည်။"သွေးခေါ်လည်းနေမကောင်းရင်မလာပါနဲ့"
တင်စီးနေတတ်သောရောင်လျှံသွေး၏အသံနူးညံ့လာပြန်၏။ သွေးအသံနုနုဖြင့်ပြောလျှင်စိမ့်သဘောကျသည်။ ရောင်လျှံသွေး၏အသံချိုချိုသည်စိမ့်၏နှလုံးအိမ်ထိထိုးဖောက်နိုင်၏။
"ရှင်ကကျွန်မကိုခဏခဏကယ်ဖူးတဲ့သူလေ ရှင်လိုအပ်ရင်ကျွန်မလာရမှာပေါ့"