[Zawgyi]
34ရောင်လျှံသွေးနဲ့ပတ်သက်ပြီး ကျွန်မမှာဘာခံစားချက်မှကိုမရှိတော့တာ"
စိမ့်သည်လေသံနုနုလေးနှင့်သွေးမျက်ဝန်းများကိုစိမ်းစိမ်းကားကားကြည့်လျက်ဆိုလေ၏။ ထိုမျှမက သူမလက်ကိုဆုပ်ကိုင်ထားသည့် သွေး၏လက်ကိုလည်းအေးစက်စွာဖြုတ်ချလေသည်။
သွေး ကျောက်ရုပ်ကြီးတစ်ရုပ်လိုရပ်နေမိပါသည်။ ဒီအကြည့် ဒီစကား ဒီအပြုအမူ တကယ် သွေးကို စိမ့်ဟာသူမဘဝထဲကထုတ်လိုက်ပြီလား။
"စိမ့်....မောင် တောင်းပန်ပါတယ် မောင့်ကိုအဲ့လိုကြီးမပြောပါနဲ့"
သွေးဟာ စိမ့်လက်ကိုနောက်တစ်ဖန်ပြန်ဆုပ်ကိုင်ဖို့ကြိုးစားတော့ စိမ့်သည်လက်မခံဘဲ နောက်ကိုအနည်းငယ်ဆုတ်သည်။
"ရောင်လျှံသွေးရဲ့ချစ်သူ...ကြိုက်မှာမဟုတ်ဘူး"
"မောင့်ကိုစိတ်ဆိုးလို့ရပါတယ် မုန်းလို့ရပါတယ် ဒီလိုတော့မလုပ်ပါနဲ့ကွာ"
"ကျွန်မကို...သေလူလို့ပဲသတ်မှတ်လိုက်ပါ"
"အဲ့လိုမပြောပါနဲ့ အသေးလေးရယ် မောင်မှားပါတယ်လို့ နော် မောင့်ကိုအဲ့လိုမလုပ်ပါနဲ့"
စိမ့်ရဲ့ခန္ဓာကိုယ်လေးနား သွေးအတင်းတိုးကပ်သွားကာ မရမကသိမ်းကြုံးဖက်လိုက်မိသည်။ စိမ့်ဟာလုံးဝလက်မခံဘဲသွေးထံမှအတင်းရုန်းသလို သွေးကိုအကြည့်စိမ်းတွေနဲ့ကြည့်နေဆဲ။
"ကျွန်မလွှတ်ချလိုက်ပြီ ရောင်လျှံသွေး...ပြန်ပြီးတောင်းပန်ပါတယ် ပင်ပန်းလွန်းလို့ ထပ်မခံစားပါရစေနဲ့တော့"
စိမ့်၏စကားလုံးတစ်လုံးချင်းသည် သွေးအတွက်ယူကြုံးမရဖြစ်ရသည်။ သွေးမှာအခွင့်အရေးမရှိတော့ဘူးလား။ သွေး...ဘာဆက်လုပ်ရမလဲ။ အသေးလေးက သွေးကြောင့်တော်တော်ပင်ပန်းနေပြီတဲ့။
"ရောင်လျှံသွေး...ကျေးဇူးပြုပြီး ပြန်ပါတော့"
သွေး ရှေ့ဆက်တိုးတော့မဲ့အချိန် စိမ့်သည် သက်ပြင်းလေးတစ်ချက်ချသည်။ စိမ့် မျက်နှာလေးကိုသွေးအကဲခတ်တော့ သိပ်နေမကောင်းပုံရသည်။