[Zawgyi]
22မေမေကြီး၏အခန်းထံဦးတည်နေသော
စိမ့်၏ခြေလှမ်းသည် အခန်းအနီးလျှောက်လှမ်းလာသည့်အမျိုးသားတစ်ယောက်ကြောင့်တွန့်ဆုတ်သွား၏။"ကိုကိုကြီး"
ဦးသောင်းတိုက်ထွန်း၏သားအကြီးဆုံး မိုးမြင့်ထွန်း။ နိုင်ငံခြားမှာသူ့မိသားစုနှင့်သူ နေထိုင်နေသူဖြစ်ပြီး အိမ်ကိုအလည်ပြန်လာတာထင်သည်။
ကိုကိုကြီးကရုပ်တည်သည်။ မိုးသင်ဇာထွန်းလိုစိမ့်ကိုကလေးဆန်ဆန်တိုက်ခိုက်တာမျိုးမလုပ်ပေမဲ့ အဖက်မလုပ်သလိုအမူအယာတွေ တစ်ခွန်းတစ်ခွန်းဆိုနင့်နေတတ်သည့်စကားလုံးတွေနဲ့စိတ်ဒဏ်ရာပေးတတ်သူ။
ကိုကိုကြီးကိုစိမ့်ရှောင်သည်။ အသက်လည်းကွာသလိုယောက်ျားလေးလည်းဖြစ်လို့စိမ့်မျက်နှာချင်းမဆိုင်
ချင်ပါ။ကိုကိုကြီးသည် စိမ့်ကိုမြင်သည်နှင့်ခပ်တည်တည်တစ်ချက်သာကြည့်ကာ မေမေကြီး၏အခန်းထဲဝင်သွားလေသည်။ စိမ့်လည်း ကိုကိုကြီးနှင့်နောက်ခပ်လှမ်းလှမ်းကနေသာ မေမေကြီး၏အခန်းထဲဝင်ခဲ့၏။
"ဘွားဘွား ကျန်းမာရေးဘယ်လိုနေလဲ"
"မြေးကြီးပြန်လာတာလား အဘွားကိုsurprise လုပ်
တယ်ပေါ့"ခုတင်ပေါ်ထိုင်နေသည့်မေမေကြီးကို မိုးမြင့်ထွန်းပွေ့ဖက်လိုက်ကာမေမေကြီးသည်လည်းမြေးဖြစ်သူကိုနမ်းရှိုက်လေသည်။ ထိုမြင်ကွင်းကိုစိမ့်သေချာစိုက်မကြည့်ပေမဲ့ မသိမသာလေးတော့ကြည့်မိပါ၏။ သားသမီး၃ယောက်မှာစိမ့်တစ်ယောက်ပဲအပြင်လူလိုနေနေရတာ....ဝမ်းနည်းစရာတော့ကောင်းသား။
မိုးမြင့်ထွန်းကိုဝမ်းပန်းတသာကြိုဆိုနေရင်းမှမေမေကြီးဟာစိမ့်ကိုမြင်သွားပုံ။
"စိမ့် ဒီနားလာလေ"
ဆေးအိတ်လေးကိုင်ရင်းအတွေးနယ်ချဲ့နေသည့်စိမ့် မေမေကြီးအသံကြားမှရှေ့ကိုတိုးသွား၏။
"ဟုတ်ကဲ့ မေမေကြီး"
စိမ့် ဆိုတဲ့နာမ်စားအရ ညီမအငယ်ဆုံးဆိုတာမိုးမြင့်ထွန်းသေချာအတည်ပြုလိုက်ပြီ။ ခုနစမြင်တည်းကတူသလိုရှိပေမဲ့ ဒီကောင်မလေးကြီးလာလေလှလာလေပဲ။