Episode 30(Z+U)

2.8K 318 74
                                    

[Zawgyi]
30

"ကျွတ်..."

အင်္ကျီကြယ်သီးတပ်လိုက်ချိန် လည်ပင်းအောက်မှအပူလောင်နာသည် စပ်ကနဲဖြစ်သွား၍ စိမ့် ညည်းသံလေးတစ်ချက်ထွက်မိသည်။

အပူလောင်တာနည်းနည်းများတာမို့ မပေါ်စေချင်၍
စိမ့်လည်စေ့လေးဝတ်ထား၏။

စိမ့်သည်တာဝန်ဝတ္တရားကိုအလေးထားသူပီပီ ကျောင်းပျက်ဖို့စိတ်ကူးမရှိပါ။

နေမကောင်းလည်းကျောင်းတော့ရောက်အောင်သွားသည်။ ယနေ့ စိမ့် practical သင်စရာရှိသည်။

မှန်တင်ခုံပေါ်အသင့်တင်ထားပြီးသောလက်ကိုင်အိတ်ကိုလှမ်းယူချိန် အိတ်တွင်ချည်ထားသည့် ပုဝါလေးဟာစိမ့်၏နှလုံးသားကိုလာလာဆွနေသယောင်။ သို့သော် စိမ့် ထိုပုဝါလေးမကိုမဖြည်ပါ။

မောင့်ကိုချစ်သည်။ စိမ့်ကိုနာကျင်စရာတွေပေးနေရင်တောင် စိမ့်ဟာမောင့်အပေါ်မေတ္တာရှိနေဆဲ။ စိမ့်သည်လူတစ်ယောက်ကိုချစ်မိလျှင်မုန်းဖို့ခက်သလို မုန်းလျှင်လည်းပြန်ချစ်ဖို့ခက်သည်။

"ရွဲ့ရတာပျော်တယ်မလား မောင်"

ပုဝါလေးကိုကြည့်ရင်းစိမ့်ဟာယဲ့ယဲ့လေးပြုံးလျက်
နာနာကျင်ကျင်ဆို၏။

"မောင်ပျော်ရင် ကျွန်မကျေနပ်ပါတယ်"

ထိုအပြုံးလေး၏နောက်ကွယ်တွင်တော့ ကွဲအက်စနှလုံးသားသည်နောက်ထပ်အက်ကြောင်းရာတွေထပ်ပေါ်လာသယောင်။ ဝဲဘက်ရင်အုံသည် ဆိုးဆိုးရွားရွားအောင့်တက်လာ၍ စိမ့်မျက်နှာလေးမဲ့လိုက်မိသည်။

"ရှင် ကျွန်မကိုမယုံဘူး ရှင် ကျွန်မကိုမချစ်ဘူးပဲ"

စိမ့်၏တစ်ကိုယ်တော်ရင်ဖွင့်ခန်းသည် ခြောက်ကပ်နေမည်ထင်သည်။ မျက်ရည်စတွေမျက်လုံးအိမ်မှာဝေ့လာပြီဆိုပေမဲ့ စီးကျလို့တော့မဖြစ်ပါ။

စိမ့် ထိုမျက်ရည်စတွေကိုတစ်ရှူးလေးဖြင့်အသာတို့လိုက်သည်။ ကျောင်းသွားဖို့အတွက်အားယူထလိုက်ချိန် အခန်းတံခါးခေါက်သံနှင့်အတူ ဝင်လာသူမှာ စိမ့်ရဲ့ဖေဖေ။

"ဖေဖေ..."

စိမ့် ဒီရက်ပိုင်း ဖေဖေနဲ့တောင်သိပ်မတွေ့ဖြစ်ပါ။ ဖေဖေနဲ့စိမ့်ကို စိမ့်ချစ်သူကအထင်လွဲတယ်တဲ့။ ရှက်စရာကောင်းလိုက်တာ။

စိမ့်(ongoing)Where stories live. Discover now