Episode 20(Z+U)

3.7K 405 31
                                    

[Zawgyi]
20

မေမေကြီးကို စစ်ဆေးပေးနေသော စိမ့်မျက်နှာလေးသိပ်ကိုပြုံးရွှင်နေသည်။ ယခင်နေ့တွေကထက်စိမ့်မျက်နှာလေးပိုလန်းနေလို့ မေမေကြီးလည်းစိတ်
ချမ်းသာပါသည်။

"မေမေကြီး သန်ဘက်ခါကျရင် specialist နဲ့သွားပြရမှာမလား ရက်ချိန်းရှိတယ်နော်"

နားကြပ်လေးကိုသိမ်းရင်း စိမ့်ဟာပြုံးပြုံးလေးပြောနေ၏။ မေမေကြီးသည် စိမ့်၏မို့တက်နေသောပါးလေးကိုမနေနိုင်တော့ဘဲလှမ်းဆွဲလေရာ စိမ့်ရယ်မိလေသည်။

"ပါးလေးတွေကဖောင်းနေတာပဲ"

ရယ်လိုက်သဖြင့်ပါးမို့မို့လေးမှာပိုလို့ပင်မို့တက်လာသည်။ အမရာစိမ့်ဟာ ရောင်လျှံသွေးနှင့်တရားဝင်ချစ်သူဖြစ်ခဲ့သည့်လွန်ခဲ့သော၂ရက်ကစလို့ယခင်နေ့များထက်ပိုတက်ကြွလာသည်။

မေမေကြီးသည် စိမ့်ပါးလေးကိုကိုင်ရာမှစိမ့်၏လည်ပင်းမှဆွဲသီးလေးကိုကိုင်ကြည့်လေသည်။ ယခင်ကဆိုစိမ့်ကဆွဲသီးမျိုးစုံပြောင်းသည်။တစ်ခါတရံဆွဲကြိုးတောင်မဆွဲ။ သို့ပေမဲ့ ဒီနားကြပ်ပုံဆွဲသီးလေးကိုတော့စွဲမြဲစွာဆင်မြန်းထားတာ၂လကျော်ပြီ။

သူမဆွဲသီးလေးကိုမေမေကြီးကိုင်ကြည့်နေသဖြင့် စိမ့် နည်းနည်းလေးစိုးရိမ်မိသွားသည်။ မေမေကြီးကစေ့စပ်သေချာလို့ရိပ်မိမလားပူမိသည်။

"ဘွားဘွားကြီး"

အသံသေးသေးလေးကြောင့်စိမ့်တို့၏အကြည့်မှာ တံခါးဝထံရောက်သွား၏။ မိုးသင်ဇာထွန်း၏သမီးလေး နှင်းအိန်ဂျယ်ထွန်း သည် မေမေကြီး၏အခန်းထဲအရုပ်လေးပိုက်လျက်ဝင်လာလေသည်။

"အိန်ဂျယ်လေး"

မိုးသင်ဇာထွန်းနဲ့အဆင်မပြေပေမဲ့ အိန်ဂျယ်လေးနဲ့တော့စိမ့်နဲ့အဆင်ပြေပါသည်။ စိမ့်က ကလေးချစ်
တတ်တာကြောင့်အပြင် အိန်ဂျယ်လေးကစိမ့်ကိုအဒေါ်မှန်းမသိသည့်တိုင် ခင်သည်။

အိန်ဂျယ်လေးသည်စိမ့်၏ဘေးတွင်ဝင်ရပ်ကာ မေမေကြီးကိုရယ်ပြနေသည်။

"အိန်ဂျယ်လေး ဘွားဘွားကြီးဆီဘယ်လိုရောက်လာတာ"

"ဘွားဘွားကြီးနဲ့ဆော့ချင်လို့"

စိမ့်(ongoing)Where stories live. Discover now