Episode 42(Z+U)

4.3K 364 50
                                    

[Zawgyi]
42

"အသေးလေး...မောင် မောင့်ကိုအဖြေပေး..."

"ချစ်တယ် အရမ်းချစ်တယ်မောင် ကျွန်မရှင့်ကိုအရမ်းချစ်တယ်"

သူမစကားတောင်မဆုံးသေးခင် ငိုသံလေးရောကာအဖြေပေးနေသူလေးကြောင့် သွေးဟာ ကျေကျေနပ်နပ်မက်မက်စက်စက်ကိုပြုံး၏။ ခေါင်းကအနာတောင်ဘယ်ရောက်မှန်းမသိအောင်ပျော်မိသည်။

သွေးရဲ့ကားကရှေ့ခေါင်းပိုင်းခံနေတာမို့ သွေးတအားကြီးမထိသွားပါ။ ခေါင်းနဲ့စတီယာတိုင်ဆောင့်ပြီးကွဲသွားတာကြောင့်မူးနေတာပဲရှိ၏။ သို့ပေမဲ့ထိုနာကျင်မှုထိုခံစားချက်မှာအသေးလေးရဲ့မျက်ရည်တွေမြင်ရချိန် မပြောပလောက်ပါ။

မူးဝေနောက်ကျိနေတဲ့အမြင်အာရုံအကြားအာရုံတွေသည် ချစ်အဖြေစကားခပ်ရှရှလေးကိုကြားလိုက်သည်နှင့်ချက်ချင်းကြည်လင်ပျောက်ကင်းသွားသည်မှာအချစ်ရဲ့ဆေးစွမ်းကြောင့်ပဲဖြစ်ရမည်။

"မောင် ရှင် ခဏလေးတောင့်ထားနော် ကျွန်မ ကျွန်မ ဆေးရုံပို့ပေးမယ်"

စိမ့်ပြာယာခပ်နေပုံလေးကိုကြည့်ပြီး သွေး ရယ်ပါရယ်လိုက်မိ၏။ တော်တော်စိတ်ပူနေတာပဲ။ ထိုအသေးလေးတအားစိုးရိမ်နေမှာဆိုးလို့ သွေး စိမ့်ရဲ့လက်လေးကိုကိုင်ရင်း ကားထဲကနေသူမကိုယ်တိုင်ထွက်လိုက်၏။

"မောင်ဘာမှမဖြစ်ပါဘူး"

သွေးရဲ့ကားကကေ့ကားထက်ကြံ့ခိုင်ပြီး လေအိတ်လည်းပွင့်သွားတာမို့ သွေးအတော်သက်သာသွားသည်။ ကေ့ကားကတော့အတော်ကြေနေ၏။ ကေ ထိုင်တဲ့နေရာတည့်တည့်ကနေ သွေးဝင်တိုက်ချလိုက်တာဆိုတော့ ကေကေရွှန်းလဲ့အသက်တောင်ရှင်ပါ့မလား။

ထိုဘက်ကားကိုသွေးရောစိမ့်ပါ သတိမထားနိုင်ကြပါ။ သွေးရဲ့အသေးလေးအန္တရာယ်ကင်းတာမြင်ရတာနဲ့သွေးစိတ်အေးရပြီ။

ကားထဲကထွက်လာပြီး သွေးတစ်ချက်ယိုင်သွားသဖြင့် စိမ့်မျက်နှာလေးမှာစိုးရိမ်ပူပန်ရိပ်တွေပိုလို့သမ်းလာသည်။

"မောင် ရှင် ရပ်နိုင်လို့လား"

စိမ့်ဟာသွေးရဲ့လက်မောင်းတစ်ဖက်ကိုကိုင်ပေးထားရုံမက သွေးရဲ့ခါးတစ်ဖက်ကိုပါမနိုင့်တနိုင်လေးကိုင်ပေးထားသေးသည်။ စိမ့်ကိုပြုံးပြလိုက်ပြီး သွေး ကေ့ကားကိုလှမ်းအကဲခတ်မိ၏။ လူတွေကလည်း ကေ့ကားဘက်မှာအုံနေကြသည်။

စိမ့်(ongoing)Where stories live. Discover now