Episode 21(Z+U)

3.7K 336 33
                                    

[Zawgyi]
21

အမရာစိမ့်၏ညှို့ဓာတ်ပြင်းလှသည့်အကြည့်ရွဲရွဲလေးတွေသည်သွေး၏စိတ်နှလုံးသောင်ပြင်ကို တမြေ့မြေ့တိုက်စားနေသည့်ခပ်ငြိမ့်ငြိမ့်ရေလှိုင်းလေးနှင့်တူလှသည်။

"ဒါ...စိမ့်အတွက်"

သွေး တရုတ်စံကားပန်းလေးတစ်ပွင့်ကို စိမ့်ထံပေးတော့ စိမ့်ကပြုံးပြီးလှမ်းယူသည်။ သွေး၏အကြည့်တွေသည်စိမ့်ထံရှိနေဆဲမို့စိမ့်သဘောကျရပါ၏။

"ဆံပင်မထုံးခဲ့မိဘူး"

စိမ့်ဟာကလစ်လေးများကိုဖြုတ်ပြီးဆံထုံးထုံးဖို့လုပ်၍ သွေး လှမ်းတားလိုက်၏။

"ဆံထုံးမှာပန်းမပန်လည်းရပါတယ် နှလုံးသားမှာသာမောင့်အချစ်ပန်းကိုအမြဲပန်ထားပေးပါ"

စိမ့်၏မျက်ဝန်းလဲ့လဲ့လေးများပါမှေးစင်းသွားလေပြီ။ သွေးရဲ့စကားလုံးတွေကြောင့်စိမ့်အပြုံးတွေသိပ်ကိုချိုမြလတ်ဆက်ရပါသည်။

ဆေးရုံထဲစိမ့်တို့၂ယောက်အတူဝင်သွားပြီး အချိန်ရသေး၍ Feel မှာခဏလောက်ထိုင်ဖြစ်သည်။

အမရာစိမ့်ဟာ ကော်ဖီသိပ်ကြိုက်ပုံရ၏။ ဘယ်စားသောက်ဆိုင်မှာတွေ့တွေ့ကော်ဖီအအေးအပူစသဖြင့်ကော်ဖီတစ်ခွက်ဟာသူမစားပွဲပေါ်ရှိနေတတ်သည်။

ယခုလည်း feel မှာထိုင်တော့ ကော်ဖီတစ်ခွက်မှာသည်။ ကော်ဖီခွက်လေးကိုကိုင်လိုက်ချိန်မှသည် နှုတ်ခမ်းနားတေ့လိုက်ကာ အာခံတွင်းထဲဝင်သွားသည့်ကော်ဖီတစ်ငုံကိုမြိုချလိုက်သော လှုပ်ရှားမှုအထိ သွေး တစ်ခုချင်းအသေအချာမြတ်မြတ်နိုးနိုးကြည့်နေမိပါသည်။ အမရာစိမ့်၏အမူအယာတိုင်းဟာအသေးအဖွဲသာမန်လေးကအစ ရူးသွပ်ချင်စရာအတိ။

ခါးလေးကိုအမြဲခပ်မတ်မတ်ထိုင်တတ်ပုံလေးသည်
သူမ၏ကျော့ရှင်းမှုပေါ်လွင်စေသည်။ မျက်နှာနုနုလေးကိုအမြဲခပ်မော်မော်နေတတ်ပုံသည်လည်းအလှတရားကိုပိုမိုမော်ကြွားစေသည်။ ကော်ဖီသောက်တာတောင်ဒီလောက်လှပကျော့ရှင်းနေရသလား။ အမရာစိမ့်ကိုတစိမ့်စိမ့်ကြည့်နေရလျှင်ကိုသွေးဘဝအရာရာပြည့်စုံနေပြီ။

သူမကိုတမေ့တမောငေးနေသည့်ရောင်လျှံသွေးကြောင့် စိမ့်၏ပါးပြင်လေးများပန်းနုရောင်သမ်းလာသလိုအနည်းငယ်လည်းမို့တက်လာသည်။

စိမ့်(ongoing)Where stories live. Discover now