[Zawgyi]
50စာရွက်လေးကြမ်းပေါ်ကျသွားသလို စိမ့်သည်လည်းပါကေးပေါ်တွင်ဒူးထောက်လျက်သားလေး။ စိမ့်ဟာရင်ဘက်တစ်ဖက်ကိုဖိကာပေါက်ကွဲတော့မည့်နှလုံးသားကိုချုပ်ထိန်းနေပုံရသည်။
သို့ပေမဲ့ စိမ့်၏မျက်နှာတွင်နာကျင်ခံစားနေရသောဝေဒနာ၏သိပ်သည်းဆသည်ဘေးလူအနေဖြင့်ဘေးကကြည့်တာတောင်ရင်ကွဲနာကျမတတ်ခံစားချက်ဆိုတာကိုယ်ချင်းစာနိုင်သည်။
စိမ့်ကိုကြည့်ရင်း ဟန်ပါစိုးရိမ်မိလာသည်။ စိမ့်သည်အသံမထွက်ပေမဲ့မျက်ရည်စတွေတစ်ပေါက်ချင်းတစ်ပေါက်ချင်းကျနေကာ ရင်ကွဲတော့မည့်အရိပ်အယောင်ရှိနေသည်။ ဟန်သည်လည်းစိမ့်ကိုဖေးမဖို့ရန်စိမ့်ရှေ့တွင်ဒူးထောက်လိုက်မိသည်။
"ဒေါက်တာစိတ်အေးအေးထားပါ သူ သွားတာ တစ်
ပတ်မှမပြည့်သေးတာ"ထိုစကားကိုကြားလျှင် စိမ့်ရဲ့မျက်ခုံလေးတွေပိုလို့ပင်တွန့်ကွေးသွားရသည်။ စိမ့်နဲ့သွေး မတွေ့တာ ဒီနေ့ပါပါရင်တစ်ပတ်တိတိရှိပြီ။ စိမ့်ကိုကျလွန်ခဲ့တဲ့တစ်
ပတ်တည်းက နိုင်ငံခြားသွားတယ်ဆိုပြီးပြောခဲ့တာ။ ဘာလို့ စိမ့်ကိုလိမ်ရတာလဲ။ ဘာလို့လဲ။ မောင်ဟာစိမ့်အပေါ်တွယ်နှောင်ထားတဲ့သံယောဇဉ်ကြိုးတွေကိုကြိုတင်အရှိန်ယူဖြတ်ချနေတာလား။"တ တစ်ပတ်မပြည့်သေးဘူး..."
သို့ပေမဲ့စိမ့်မျက်လုံးဝိုင်းလေးတွေမှာမျှော်လင့်ချက်ရောင်ခြည်တို့ကြောင့်ပိုမိုဝိုင်းစက်လာသည်။ စိမ့်သည်ဟန့်ကိုတုံ့ပြန်ချက်ပင်မပေးတော့ဘဲစာရွက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်းအိမ်ထဲမှပြေးထွက်သွား၏။
ဟန် တားချိန်ရော မေးချိန်ပါမရလိုက်ပါ။ စိမ့်၏ခြေလှမ်းလေးတွေအတော်မြန်နေကာစိမ့်ဟာစိတ်ပြင်းပြနေသည်။ ဟန် သက်ပြင်းကြမ်းကြီးချလိုက်မိ၏။ အစကတော့ တစ်ပတ်ပြည့်မှလာပေးမယ်စိတ်ကူးပေမဲ့ ရောင်လျှံသွေးဘာတွေပေါက်ကရလုပ်မလဲဟန်သေချာမသိသဖြင့် တစ်ပတ်မပြည့်ခင်မှာပင်ထိုစာကိုစိမ့်ထံလာပေးဖြစ်သည်။ စာထဲဘာရေးထားလဲ ဟန်သေချာမသိသည့်တိုင် စိမ့်ရဲ့ပုံစံကိုကြည့်ရတာ ကောင်းတာတော့မဟုတ်လောက်။