အပိုင်း-၁

2.2K 57 4
                                    

သူဇာ
Part (1)

မနက်ဖြန် မေမီ ပညာရေးကောလိပ် ဆရာဖြစ်သင်တန်းတက်ဖို့ရာ ကောလိပ်အတွင်းရှိအဆောင်သို့သွားရမည့်နေ့ဖြစ်သည်။ ဆရာမတစ်ယောက်ဖြစ်ဖို့ဆိုတာ အတွေးထဲကိုမတွေးခဲ့သူ ဝါသနာလုံးဝ
မပါသည့်အတွက်ကတစ်ကြောင်း
အဆောင်နေရမှာလည်းကျောင်းတက်ကတည်းကသေမလောက်ကြောက်သည့်အတွက်ကြောင့်ကျောင်းတက်စဥ်ကလည်း ဘာသာအလိုက်သာကျူရှင်ယူ Guide ဆရာမ ခေါ်သင်ခြင်းဖြင့်သာဆယ်တန်းအောင်လာခဲ့သည်။ Uni တက်တော့လည်း
အိမ်က​ေနသာတက်သဖြင့် အဆောင်ဆိုတာနေစရာမလိုခဲ့ခုတော့ ကောလိပ်မှာ အဆောင်နေရမည်ဆိုသဖြင့်ကတစ်ကြောင်း မေမီ့မှာလွန်စွာမှ စိတ်ညစ်နေရသည်။
ကောလိပ်မတက်ချင်၍ ညတိုင်း ဖေဖေနဲ့မေမေမသိအောင် ခိုးပြီးငိုခဲ့ရသည်မှဝင်ခွင့်အောင်သည့်နေ့ကတည်းကပင်
ဆရာမ ဖြစ်စေချင်သော မိဘများကြောင့်သာမလွန်ဆန်နိင်ဘဲ မနက်ဖြန်ဆိုလျှင်
ကောလိပ်သို့သွားရတော့မည် မေမေနှင့်ဖေဖေကတော့အ​ဆောင်မှာလိုအပ်မည့် ပစ္စည်း များကို အစုံအလင်
ပြင်ဆင်ပေးနေကြသည်။ ဟင်းဂျီးများတတ်တာကြောင့် ဟင်းဘူးတွေလည်းအများကြီးထည့်ပေးထါးသည်။

အိပ်ယာလိပ်မှစ သနပ်ခါးကျောက်ပြင်အဆုံး
စီစဥ်နေရသည်မှာ အဆောင်မနေဖူးသူ
မေမီအဖို့ စိတ်ကြည်လင်ခြင်းမရှိလှပါ

ကောလိပ်သည် ကိုယ့်အိမ်နှင့်ဆယ်မိနစ်သာဝေးသည်။အိမ်ကနေတက်ချင်သော်လည်း
ကောလိပ်စည်းကမ်းအရ ကျောင်းအတွင်းအဆောင်၌သာနေကြရမည်ဖြစ်သည်။

"သမီးရေ.. ယူရမယ့် ပစ္စည်းတွေ
မမေ့အောင်သေချာထည့်နော် တစ်မြို့ထဲဆိုပေမယ့်အဆောင်က အိမ်ခဏခဏပြန်လို့ရမှာမဟုတ်ဘူးနော်
သမီး... ဖုန်းလည်း ယူခွင့်မရှိဘူးဆိုတော့
တစ်ခါတည်းမမေ့အောင် သေချာစီစစ်ပြီးထည့်‌ေန်ာသမီး....အ​ဆောင်ရောက်ရင်လည်း အခန်းဖော်တွေရှိတာပဲသမီး နေသားကျသွားရင်ပျော်သွားမှာ
အမေ့သမီးက ပျော်ပျော်နေတတ်တဲ့သူပဲ
စိတ်ပူမနေနဲ့နော်
စာလည်းမှန်မျန်ကျက် ကျန်းမားရေးလည်းဂရုစိုက်နော် မေမေဆေးတွေ ပလာစတာတွေရောထည့်ထားပေးတယ်သိလား သမီးတစ်ခုခု လိုတာရှိရင် မေ့မေ့သူငယ်ချင်း
ခင်ဖုန်းနားသွားပြောနော်သိလား (ဒေါ်ခင်ဖုန်းဆိုသည်မှာ ကောလိပ်မှ လထ ကထိက မေ့မေ့သူငယ်ချင်းဖြစ်သည်)
မေမေသည် အဆောင်သွားရမှာ ကြောင့်မျက်စိမျက်နှာပျက်နေသော ကျွန်မအား မှာစရာရှိသည်များက်ိုချော့ကာမော့ကာ တဖွဖွမှာနေရှာသည်"

သူဇာWhere stories live. Discover now