အပိုင်-29

257 17 0
                                    

မေမိီလေးက ဆရာဝန်ခေါ်ထားတာမို့
သန့်ရှင်းရေးလုပ်ထားစဥ်ပေနေသော
အဝတ်များကို လဲကာ အောက်ထပ်ကိုဆင်းလာတော့အပင်အောက်မှာ မျက်မှောင်ကြီးကျုံ့ကာလာမည်သူ့များဖက်မျက်နှာမူပြီးထိုင်နေသော
ချစ်တပည့်လေး သူ့သူငယ်ချင်းတွေ အနာတရဖြစ်သွားတော့ ​တော်တော်စိတ်ပူသွားပုံရပါတယ် ညီမလေးနွယ်ဟာ ဘာလို့ ကလေးတွေကို မသက်ဆိုင်တဲ့နေရာတွေမှာ ခိုင်းရပါသလဲ မြတ် တွေးမရ

မြတ်လှေကားမှကြည့်ကာတွေးနေတုန်း
မေမီက ထိုင်ရာမှအဆောင်ထဲဝင်လာပြန်သည်။

မြတ်ကိုမြင်တော့ ခပ်ယဲ့ယဲ့လေး ပြုံးပြသည်။

"သမီး အခန်းထဲမှာ နေနေလည်းရတယ်နော်
တီချယ်တာဝန်မှူးစားပွဲမှာပဲရှိနေမှာမို့ သမီးအစ်ကိုလာရင်ခေါ်လိုက်မယ်လေနော်"

"ဟုတ်တီချယ် "

မေမီအခန်းထဲရောကတော့
ရွှေခြည်မှာဝမ်းလျားမှောက်ရက်သား ကျောပြင်နဲ့ပေါင်တံ ခြေသလုံ​း တွေမှာ သွပ်ဆူးကြိုး နဲ့ငြိမိလို့ပွန်းပဲ့ရှရာ ခြစ်ရာတွေ ​​ခြေသလုံးမှနှစ်နေရာက​တော့
သံဆူးကြိုးကအသားထဲဝင်ထားတာမို့ သွေးတွေစိမ့်ထွက််နေတာမြင်ရတော့ အံကိုတင်းတင်းပ်ိုကြိတ်မိသည် ။ခင်ညိုနဲ့ တင့်ထူးကရွှေခြည့်ကို အရက်ပြန်ဆွတ်ကာအနာတွေတစ်ဝိုက်သန့်ရှင်းနေကြသည်။

မေမီ့ကုတင်ပေါ်မှာတော့ သူဇာ့ကို ရွှေဖူးနဲ့မငွေစံက
ပွန်းပဲ့ရာများကို အရက်ပြန်ဆွတ်ပေးနေကြသည်။

"သူဇာနဲ့ရွှေခြည် ခဏသီးခံနော် ခဏနေကိုကိုတို့လာတော့မှာ မေးခိုင်ဆေးထိုးလိုက်ကြနော်သိလားအဲ့တာမှစိတ်ချရမှာ"

"အင်းပါမေမိီရဲ့ နင်လည်းငါတို့ကြောင့် နင့်အိမ်ကလူတွေပါအလုပ်ရှုပ်ရပြီ "

"ပြောစရာလိုလား ရွှေခြည် ငါတို့ကသူငယ်ချင်းတွေထက်ပိုကြတဲ့ညီအစ်မတွေလေ ငါချစ်ရတဲ့သူတွေကို
ငါဘယ်နဲ့မဆို ငါကာကွယ်မှာ ငါဖြည့်ဆည်းပေးမှာမို့
အားနာတယ်ဆိုတာမပြောကြေးနော်သိလား"

"အင်းပါမေမိီရယ်"

မေမီ မျက်နှာလေးနွမ်းနေသော
သူဇာ့ဘေးကပ်ထိုင်ကာ

သူဇာWhere stories live. Discover now