အပိုင်း-၇

319 20 0
                                    

အခန်းထဲသို့မေမီတို့ပြန်လာသည်အထိ
ဝေဖူးတစ်ယောက်အခန်းထဲမှာမရှိသေး
တအောင့်လောက်နေမှရောက်လာပြီးဗိုက်နာလို့ အိမ်သာမှာကြာနေသည်တဲ့လေ နာမှာပေါ့ သူမလေး ညနေကအချဥ်တွေ‌ရော
ခေါက်ဆွဲခြောက်ထုပ်ရောစားတာ အခု​တေ့ာအစွမ်းပြလေပြီ ကိုယ့်မှာရှိသည့် Kramail-S
တိုက်ထားရသည် ညမှ ဗိုက်ထနာနေမှ အခက်....

ခြင်ထောင်ထဲတွင်ကိုယ်စီအိပ်နေကြရင်း

"ဝေဖူး ရွှေခြည် "

မေမီခေါ်လိိုက််သည်။

"ဟင်"

"နင်တို့ မငွေစံအခန်းက ခဏတုန်းက သူဇာဆိုတဲ့တစ်ယောက်ကိုသိလား "

ဝေဖူးက  "ရော် မေမီနင်သူ့ကိုမသိဘူးလား
ငါတို့နဲ့တစ်ခန်းထဲလေ အတန်းထဲမှာ ခင်ညိုတို့မငွေစံတို့နဲ့ထိုင်တာလေ"

ရွှေခြည်မှ,"အေ့လေ နင်အခုမှသူ့ကိုမြင်ဖူးတာလားငါတို့နဲ့တစ်ခန်းတည်းကို"

"ဟင် ဟုတ်လား ငါသူ့ကိုမတွေ့ဖူးဘူးပဲ"

"နင်သတိမထားမိလို့နေမှာ "

"ကဲ မေမီနဲ့ ရွှေခြည်မရေ Good night
ငါအိပ်ချင်ပြီ အော်ဒါနဲ့ ရွှေခြည် နင်မနက် သုံးလေးနာရီ ကျရင်သရဲလိုလိုတစေလိုလိုနဲ့ခြင်ထောင်ထဲစာထမကျက်နဲ့နော် ငါပိတ်ရက်လေး အေးးေဆးအိပ်ပါရစေနော်"

"အေးပါ​ဝေဖူးရာ ကဲစိတ်ဖြောင့်ဖြောင့်အိပ်"

သူတို့နှစ်ယောက်နဲ့​တော့မေမီ မအိပ်ခင်ရီရသေးသည်။တစ်ယောက်က စာကို အလွန်ကျွံကျက် တစ်ယောက်က စာလုံးဝမကျက် တွေ့လည်းတွေ့တတ်ကြပါပေ့

တစ်ရက်ကရွေခြည်တစ်ယောက် မနက်သုံးနာရီလောက်ခြင်ထောင်ထဲ ဆောင့်ကြောင့်ကြီးထိုင်ပြီး မီးအိမ်နဲ့စာထကျက်နေခိုက်ဝေဖူးတစ်ရေးနိုးနဲ့အကြုံ လန့်သွားရပြီးကတည်းကဝေဖူးသည် ​ရွှေခြည်အားမနက်အစော စာထမကျက်ရန် ခဏခဏပြောတော့သည်။

​မေမီအိပ်ခါနီး   သူဇာဆိုသောမိန်းကလေး မျက်ရည်လည်ရွဲနှင့် မငွေစံအား
ဂျီကျနေပုံက ရီချင်စရာ ပုံစံလေးကအမှတ်တမဲ့အတွေးထဲရောက်လာသည်။
အမှတ်တမဲ့ကနေ အမြဲတမ်း အတွေးထဲရောက်လာမည့်သူ ဆိုတာ မေမီ အိမ်မက်ထဲတောင် ထည့်မက်ဖူးပါ့မလား...............

သူဇာWhere stories live. Discover now