အပိုင်း-26

453 23 0
                                    

နေ့စာထမင်းစားပြီး ခဏနား
အစာကြေချိန်လောက်ရောက်တော့
ခေါင်းလျှော်ရေချိုးကြသည်။

မေမီတို့ကောလိပ်မှာ ကျောင်းဖွင့်ရက်မ​ျားတွင်
တစ်ရက်ခြား ရေသာချိုးကြရသည်။
ခေါင်းကို ပိတ်ရက်မှသာ
တစ်ပတ်တစ်ခါသာလျှော်ကြရသည်။

ဆံထုံးထုံးကြရတာမို့ ဖျားနာတာတွေဖြစ်မှာကြောင့်တစ်ပတ်တစ်ကြိမ်သာခေါင်းလျှော်ခွင့်ပြုထားခြင်းဖြစ်သည် ။ရေချိူးရမည့်နေ့တွေလည်း
ရေချိူးခန်း အဝင်ဝတွင် နာမည်စာရင်းနဲ့ကပ်ထားသည် ကိုယ့်ရက်နဲ့ကိုယ်မချိုးဘဲ ရေခိုးချိူးတာမိလျှင်ပြစ်ဒဏ်ပေးခံကြရသည်။

ကောလိပ်နဲ့ပြစ်ဒဏ်ဟာတကယ်လိုက်ဖက်တဲ့စုံတွဲလို့​တောင်ပြောလို့ရလောက်သည် ကောလိပ်ဟုဆိုလိုက်လျှင်ပြစ်ဒဏ်ပေးခြင်းက တွဲလျက်မို့ပင်

" မေမီနဲ့ ရွှေခြည်ပဲကောင်းတယ်
နင်တို့ဆံပင်တွေက ပုခုံးကျော်ရုံလေးဆိုတော့
ခြောက်လွယ်တယ် ငါ့ဆံပင်ကရှည်ပြီးထူတော့
ခုထိကိုမ​ခြောက်နိုင်ဘူးဟာ ရေချိုးပြီးတော့
အိပ်ချင်ပါတယ်ဆို "

ဝေဖူးတစ်ယောက်သူဆံပင်အရှည်ကြီးတွေကို တဘက်နဲ့ ထပ်ကာထပ်ကာ သုတ်ရင်း ပွစိပွစိရွတ်နေတဲ့ပုံကတကယ့်အူယားစရာ ဂငယ်ပုံ မျက်ခုံးထူထူကွေးကွေးတွေကိုစုကျူံ့ကာ ပြောနေပုံက တကယ့်ရီချင်စရာ

မေမီတို့အခန်းက အ​ဆောင်အနောက်ဖက်မျက်နှာမူ
ထားတာမို့ မေမီတို့အခန်း နဲ့ တီချယ်နွယ်​အခန်းကြားထဲ သံဇကာမှာသံတံခါးတွဲလျက်မို့ ထိုတံခါးပေါက် အဖွင့်အပိတ်
တာဝန်ကို မေမီတို့ အမြဲတာဝန်ယူရသည်။

တံခါးဖွင့်လိုက်လျှင် ​ေမြနေရာလပ်အကျယ်ကြီးမှာ
အဝတ်လှန်းကြ စာကျက်ကြနဲ့ ပိတ်ရက်ဆို
ထိုနေရာမှာ အ​ဆောင်သူတွေ ဟိုတစ်စုဒီတစ်စုနဲ့စည်ကားနေသည်။ ခေါင်းမြန်မြန်ခြောက်အောင်
ဆိုကာ ဝေဖူးသည် ခုံအပုလေးတစ်ခုံယူကာ
နေပူဆာလှုံရင်း သွားထိုင်နေတော့သည်။

ထို ‌ေြမနေရာသည် မေမီတို့ ကြက်ကင်ခိုးစားတုန်းကမြက်ပေါက်ရသည့်နေရာမို့ အမှတ်တရ
ရှိသည့်နေရာလေး ထပ်များတော့ အမှတ်တရာမရှိပါရစေနဲ့ပေါ့လေ

သူဇာWhere stories live. Discover now