အပိုင်း-၃

488 35 3
                                    

သူဇာ

Part (3)

ဝေဖူးက

"မေမီလင်းညို ငါ့နင့်ကို ​မေမီလို့ပဲခေါ်မယ်နော်တဲ့ "

"အင်းရပါတယ် သူများတွေလည်းမေမီပဲခေါ်ကြတာ"

"​မေမီ ငါနဲ့နင်က​တတော့ စကားပြောရအဆင်ပြေတယ် နောက်တစ်ယောက်ကျန်သေးတယ်နော် အဲ့တစ်ယောက် လည်း ငါတို့နဲ့အဆင်ပြေမယ့်သူဖြစ်ရင်ကောင်းမယ် စရိုက်မတူတာတွေဖြစ်မှာစိုးတယ်မေမီရဲ့  "

" အင်း.....ငါလည်း ဒီမလာခင် အဲ့တာစိုးရိမ်တာ အတူတူနေကြမယ့်သူတွေ မို့ အဆင်ပြေပြေလေးတည့်တဲ့သူ့ဖြစ်ပါ့မလားတွေးနေတာဟ"

"အေး ကောင်းပါစေဆုတောင်းရမှာပေါ့
မေမီရယ်"

"ဒါနဲ့မေမီ နင့်မေမေနဲ့ဖေဖေက သဘောကောင်းတယ်နော်
နင်ကတစ်ဦးတည်းသောသမီးဆို ငါ့မှာတော့မောင်လေးတစ်ယောက်ရှိတယ်
အန်တီကနင်အဆောင်မနေဖူးတော့ ငါ့ကိုတောင်သေချာမှာနေတာ အန်တီ့သမီး ဆိုးရင်လည်းစိတ်ထဲမထားပါနဲ့တဲ့လေ

" ငါလည်းခုမှနင်နဲ့စကားပြောရင်းအခုမှစိတ်ထဲနည်းနည်းနေသာတာဝေဖူးရဲ့
  ငါအဆင်မပြေဖြစ်မှာစိုးနေတာ"

"ဘာမှ မပူနဲ့မေမီ တစ်ခုခုဆို ငါရှိတာပဲ
အိမ်သာတွေဘာတွေ ညသွားချင်လည်းငါ့ကိုနှိူးလေနော် ငါက ရှစ်တန်းလောက်ကတည်းကအဆောင်နေလာတာ ငါ့အတွက်အိမ်နဲ့ခွဲရတာ ရိုးနေပြီ တစ်ခုခုဆို
ငါရှိတယ်သိလား"

ဒီလိုဆိုတော့လည်း သူလေးကအားပေးဖော်ရသားဝေဖူးကြောင့် စိတ်တော့သက်သာရာရမိပါတယ်သူမလေး က ပေါက်ပေါက်ဖောက်နေတာ
မပျင်းရဘူးမို့ တွေးနေတုန်းရှိသေး
မရွှေချောက ရောက်ရာအရပ်နေသားတကျနေတတ်သည်ထင်ပါ့

"​​မေမီ​​‌ေရ စကားလည်းပြော စားသောက်လို့လည်းပြီးပြီ တစ်ရေးလောက်အိပ်ဦးမယ်တဲ့လေ"

စောင်ပါးလေးတစ်ထည်ခြုံကာ မှေးနေလေတော့သည် ။
ကိုယ်က​တေ့ာငုတ်တုတ် ထိုင်ရင်းဘယ်လိုအိပ်ပျော်သွားတယ်မသိ

"အ​ဆောင်မှူးဆိုသော ခုဏကအမျိုးသမီးကြီးက အခန်းတံခါးလာခေါက်ကာ
ကလေးမတွေ ထဦး"

သူဇာWhere stories live. Discover now